Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 25, Sunday - June 2017
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏တစ်နှစ်တာ ဗုဒ္ဓသာသနာတော်ဆိုင်ရာဆောင်ရွက်ချက်များ

၁။ ၂၂-၉-၂၀၁၆ရက်နေ့တွင်မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ဟောင်းကိုဖျက်သိမ်းခဲ့ပြီးဂေါပကအဖွဲ့သစ်ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ဂေါပကအဖွဲ့စည်းမျဉ်းအသစ်ရေးဆွဲ၍လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

၂။ ၂၀၁၅-၂၀၁၆ ပွဲတော်ရာသီနှင့် ၂၀၁၆-၂၀၁၇ ပွဲတော်ရာသီအလှူငွေရရှိမှုနှိုင်းယှဉ်ချက်

ယခင်(ကျပ်) ယခု(ကျပ်) တိုးတက်မှု(ကျပ်)

(က) တောင်တော်ဖွင့်ပွဲ ၁၂၇ သိန်း ၈၄၄ သိန်း ၇၁၇ သိန်း

( ခ ) အလှူခံပုံး ၄၀၈ သိန်း(တစ်နှစ်) ၄၉၆၃ သိန်း(၈ လ) ၄၅၅၂ သိန်း

( ဂ ) ရွှေဆိုင်းလုပ်ငန်း ၆၃၈ သိန်း(တစ်နှစ်) ၈၉၇၇ သိန်း(၈ လ) ၈၃၃၉သိန်း

(ဃ) ဆည်းလည်းလုပ်ငန်း ၁၆၇ သိန်း ၁၂၉၉ သိန်း(၈ လ) ၁၁၃၂ သိန်း

( င ) ဘုရားရန်ပုံငွေ ၁.၆ ဘီလီယံ ၅.၁၇ ဘီလီယံ ၃.၅၇ ဘီလီယံ

၃။ ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တိဿဆောင်၊ ဆီမီး ၉၀၀၀၊ ပြည့်စုံဓမ္မာရုံတို့တွင် ၁၂၆၇ ဦးတစ်ပြိုင်တည်းအခမဲ့တည်းခိုနိုင်ရန် ဆောင်ရွက်ပေးခဲ့ပါသည်။

၄။ ကျိုက်ထီးရိုးစေတီတော်ရင်ပြင် ပေ ၄၀ ဓမ္မာရုံ၊ သုံးထပ်ဓမ္မာရုံ၊ ဂေါပကဓမ္မာရုံ၊ တည်းခိုဆောင်(၁)၊ (၂)၊ (၃)တည်းခိုဆောင်တို့တွင် လေအေးပေးစက်အပါအဝင် ဝန်ဆောင်မှုများဖြင့် သက်သာဈေးနှုန်း၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်တို့ဖြင့် ၁၄၄၀ ဦးတစ်ပြိုင်တည်းတည်းခိုနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။

၅။ ၂၀၁၆ ခုနှစ်တွင်ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဟောင်းများကိုအနားပေးခဲ့ပြီးဂေါပကအဖွဲ့သစ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပါသည်။၂၀၁၆ ခုနှစ်တွင် ရွှေတိဂုံစေတီတော်၏ဘဏ္ဍာငွေမှာကျပ်၅၈ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၄၈ သိန်းကျော်ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျပ်၆၀ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁၄၉ သိန်းကျော်ရှိခဲ့သောကြောင့်ကျပ်ငွေ ၂ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၁ သိန်းကျော် ပိုမိုရရှိခဲ့ပါသည်။

၆။ ဂေါပကစည်းမျဉ်းနှင့်ညီညွတ်မှုမရှိသောဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ဟောင်းများကိုအနားပေးခဲ့ပြီးဂေါပကအဖွဲ့သစ်ဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၇။ ၃၀-၅-၂၀၁၆ ရက်နေ့တွင်မဟာမြတ်မုနိဘုရားကြီး၏ဂေါပကအဖွဲ့ဟောင်းများကိုအနားပေးပြီးဂေါပကအဖွဲ့သစ်ဖြင့် လဲလှယ်ဆောင်ရွက်ခဲ့ပါသည်။ဂေါပကအဖွဲ့စည်းမျဉ်းကိုလည်းပြင်ဆင်ရေးဆွဲပြီးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၅ခုနှစ်တွင် မဟာမြတ်မုနိဘုရားကြီး၏ ဘဏ္ဍာငွေမှာကျပ် ၆.၄၆ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၃၄၈၈၅၈၊၂၀၁၆ ခုနှစ်တွင် ကျပ်၈.၇၁ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ၃၆၃၁၄၇ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျပ်၁၁.၉၃ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၉၁၁၂၉ ရရှိခဲ့ပါသည်။

၈။ ၂၀၁၇ ခုနှစ်တွင်ပိဋကသုံးပုံဆောင်ဆရာတော်များပေါ်ပေါက်စေရန် ရည်ရွယ်၍ တိပိဋကဓရ၊ တိပိဋကကောဝိဒစာမေးပွဲများကိုနှစ်စဉ်ကျင်းပလျက်ရှိရာတိပိဋကစာမေးပွဲကိုကျပ် ၆၇၁သိန်းကျော်အကုန်အကျခံပြီးကျင်းပပေးခဲ့ပါသည်။၂၀၁၇ ခုနှစ်တိပိဋကစာမေးပွဲတွင် ၁၄ ပါးမြောက်တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ရဘဒ္ဒန္တဝီရိယာနန္ဒဆရာတော်ပေါ်ထွန်းလာခဲ့ပါသည်။

၉။ ပရိယတ္တိသာသနာတော်ထွန်းကားစည်ပင်စေရန်ရည်သန်၍ ဓမ္မာစရိယစာမေးပွဲကိုကျပ် ၃၆၉ သိန်းကျော်အကုန်အကျခံ၍လည်းကောင်း၊ပထမပြန်စာမေးပွဲကိုကျပ် ၁၂၁၀ သိန်းကျော် အကုန်အကျခံ၍လည်းကောင်းကျင်းပပေးခဲ့ပါသည်။

၁၀။ ၁၉၅၂ ခုနှစ်တွင်သာသနာ့ရောင်ခြည်စာ​စောင်ကို ၃ လ တစ်ကြိမ် ထုတ်ဝေခဲ့ရာမှ ၁၉၆၃ ခုနှစ်မှ၁၉၈၀ ခုနှစ်အထိစာစောင်ထုတ်ဝေမှုရပ်ဆိုင်းခဲ့ပါသည်။ ၁၉၈၁ ခုနှစ်တွင် ၃ လ တစ်ကြိမ် ပြန်လည်ထုတ်ဝေခဲ့ပြီး၁၉၉၃ ခုနှစ်တွင် ၁ လ တစ်ကြိမ် ထုတ်ဝေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင်ဖြန့်ချိမှုအပိုင်းမှာထိရောက်မှုမရှိဘဲတစ်လလျှင် အုပ်ရေ ၅၀၀ ခန့်ကိုလစဉ်မဟုတ်ဘဲစုပေါင်းထုတ်ဝေခြင်း၊ရန်ကုန်မြို့တွင်သာရောင်းချနိုင်ခြင်းတို့ကြောင့် သာသနာ့ရောင်ခြည်စာစောင်မှာမှေးမှိန်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင်သာသနာ့ရောင်ခြည်စာစောင်များကိုရှေးအစဉ်အလာများနှင့်အညီတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ချိလျက်ရှိပြီးတစ်လလျှင် စောင်ရေ၄၅၀၀ အုပ် လစဉ်ထုတ်ဝေလျက်ရှိပါသည်။

၁၁။ ၂၀၀၂ ခုနှစ်တွင်အခြေပြုမူလတန်းစာမေးပွဲကိုအကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရာ ၁၄ နှစ်တိုင် မကျင်းပနိုင်ခဲ့ပါ။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏လမ်းညွှန်ချက်နှင့်အညီ၂၀၁၇ ခုနှစ်တွင် အခြေပြုမူလတန်းစာမေးပွဲကိုပြန်လည်ကျင်းပခဲ့ရာ၁၄၅၇၅ ပါး/ဦးဖြေဆိုခဲ့ရာ၇၈၂၈ ပါး/ဦးအောင်မြင်ခဲ့ပြီးရာခိုင်နှုန်းအားဖြင့် ၅၃.၇% ဖြစ်ပါသည်။

၁၂။ ၃၁-၁၀-၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ကျိုင်းတောင်းအဆိုပြုကာကွယ်တောနှင့် သစ်မာမျိုးစုံစိုက်ခင်းရှိမြေ ၈၅ ဧကအားသစ်တောမြေမှထုတ်နှုတ်၍ဖားအောက်တောရဗုဒ္ဓသာသနာပြုရိပ်သာသာသနာ့မြေအဖြစ် အသုံးပြုခွင့်ရရှိရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါသည်။

၁၃။ ၂၂-၁၂-၂၀၁၆ ရက်နေ့တွင် မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်၊ အတုလကာရီဆင်မင်းကျောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဩဘာသာဘိဝံသ၏မေတ္တာရပ်ခံချက်အရနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ရန်အောင်မြင်သစ်တောကြိုးဝိုင်း၊ အကွက်အမှတ်(၂)အတွင်းရှိမြေ ၃၀.၃၇ ဧကအားသစ်တောမြေမှထုတ်နုတ်၍သာသနာ့မြေအဖြစ် အသုံးပြုခွင့်ရရှိရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါသည်။

၁၄။ ၂၉-၃-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ရေငယ်ကျေးရွာရှိမဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားကြီး၏ ဝတ္တကမြေ၁.၄၂ ဧကအားသစ်တောမြေမှထုတ်နုတ်၍သာသနာ့မြေအဖြစ် အသုံးပြုခွင့်ရရှိရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါသည်။

၁၅။ ၁၀-၄-၂၀၁၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကျေးရွာအုပ်စုရှိမြေဧရိယာ ၁.၇၉ ဧကအားသစ်တောမြေမှထုတ်နုတ်၍သာသနာ့မြေအဖြစ် အသုံးပြုခွင့်ရရှိရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါသည်။

၁၆။ ၆-၆-၂၀၁၆ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ မင်းရွာကျေးရွာ၊ မြေလွတ်မြေရိုင်း ၁.၂၀ ဧက၊ ၄.၈၂ ဧကနှင့် ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊မြေလွတ်မြေရိုင်း ၈.၆၉ ဧကတို့ကိုသာသနာ့မြေအဖြစ် အသုံးပြုခွင့်ရရှိရေးမြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှခွင့်ပြုမိန့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါသည်။

၁၇။ ၇-၆-၂၀၁၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကော့လှိုင်းကျေးရွာအုပ်စုအတွင်းရှိမြေ ၂၂.၈၀ဧကကိုသာသနာ့မြေအဖြစ် အသုံးပြုခွင့်ရရှိရေးမြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီမှ ခွင့်ပြုမိန့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါသည်။

၁၈။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဇွန်လအထိဗဒ္ဓသိမ်မြေဂရန် ၆၃ ခုနှင့် သာသနာ့မြေဂရန် ၁၁၇ ခုခွင့်ပြုချထားပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီးသာသနာပြုခဲ့ပါကြောင်းကုသိုလ်တရားပွားများနိုင်ရန် ထုတ်ပြန်ကြေညာအပ်ပါသည်။