Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 10, Monday - July 2017
မြန်မာ့စီးပွားရေးဘဏ်အသီးသီးတွင် အပ်နှံထားသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အလှူငွေများအား ရှင်းလင်းတင်ပြခြင်း

ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ပွင့်တော်မူပြီးသော ဘုရားရှင် လေးဆူတို့၏ မွေတော်၊ ဓာတ်တော်များ ကိန်းဝပ်စံပျော်ရာ တန်ခိုးကြီး စေတီမြတ်တစ်ဆူဖြစ်ပြီး ပြည်တွင်း/ ပြည်ပ ဘုရားဖူး ဧည့်ပရိသတ်များ စည်ကားများပြားလျက်ရှိပါသည်။

          ထိုကဲ့သို့ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးဧည့်ပရိသတ်များကအလှူငွေများ သဒ္ဒါတရားထက်သန်စွာ လှူဒါန်းကြသဖြင့် နေ့စဉ်အလှူငွေများ တိုးတက်ရရှိလျက် ရှိပါသည်။

            ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထာဝရဘက်စုံအလှူငွေများ၊ စီမံခန့်ခွဲမှုဝင်ငွေများ၊ အစိုးရငွေတိုက် စာချုပ်များ၊ ငွေစုလက်မှတ်များနှင့် စာရင်းသေအပ်ငွေ(Fixed Deposit)များမှာ မြန်မာငွေကျပ်ဘီလီယံ ၆၀ ကျော်ရှိပြီး မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)၊ (၂)နှင့်(၄)တို့တွင်လည်းကောင်း၊ နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၁၅ သန်းခန့်အား မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်တွင်လည်းကောင်း အပ်နှံထားခဲ့ပါသည်။

အများပြည်သူများ လှူဒါန်းထားသော ထာဝရဘက်စုံအလှူငွေနှင့် စီမံခန့်ခွဲမှုဝင်ငွေများအားအတိုးငွေများ တိုးတက်ရရှိစေရန် ၁၂ နှစ်သက်တမ်းရှိ ငွေစုလက်မှတ်များကို မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)နှင့် (၂)တို့တွင် မြန်မာငွေကျပ် ၈ ဘီလီယံကျော် ဝယ်ယူထားခဲ့ပြီးဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ထာဝရဘက်စုံအလှူငွေနှင့် စီမံခန့်ခွဲမှုဝင်ငွေများအနက်ငွေတိုက် စာချုပ်များကို မြန်မာငွေကျပ် ၁၆ ဘီလီယံကျော် ဝယ်ယူထားပြီး ကျန်ငွေများအား ဘဏ်အသီးသီးတွင် အပ်နှံထားပြီးဖြစ်ပါသည်။

ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည် အလှူငွေများမှ အတိုးငွေများ တိုးတက်ရရှိစေရန် ၁၂ နှစ် သက်တမ်း ငွေစုလက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ဘဏ်စုဆောင်းငွေများအား မြန်မာ့စီးပွားရေးဘဏ် အသီးသီးတွင် အပ်နှံလျက်ရှိရာ မြန်မာ့စီးပွားရေးဘဏ်များက အပ်နှံသည့်ငွေပမာဏအပေါ်မူတည်၍ အတိုးငွေများ ထုတ်ပေးလျက်ရှိပါသည်။

         ထို့အပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာ့စီးပွားရေးဘဏ်အသီးသီးတွင် ယခင်အပ်နှံ ထားသည့် အပ်နှံငွေများ၊ ထပ်မံအပ်နှံမည့် အပ်နှံငွေများအလိုက် အတိုးငွေများ ထုတ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။