Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 21, Friday - July 2017
ရခိုင်ပြည်နယ်မှ ဟ့ဂျ်ဘုရားဖူးသွားရောက်ခွင့်ကိစ္စ အသိပေးရှင်းလင်းဖော်ပြခြင်း

မြန်မာဘုရင်မင်းတုန်းမင်းလက်ထက်က မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်တို့အား ဆော်ဒီ အာရေးဗီးယားနိုင်ငံသို့ ဟ့ဂျ်ပြုလုပ်ရန် ခရီးသွားခြင်းကို ခွင့်ပြုပေးခဲ့ပြီး မင်းတုန်းမင်းကြီးက အစ္စလာမ် ဘာသာဝင်များ ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် တည်းခိုနိုင်ရန် ဒေါင်းဇရပ်တစ်ဆောင် လှူဒါန်းပေး ခဲ့ပါသည်။

၁၉၈၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ယခင်သာသနာရေးဝန်ကြီးဌာနက ဦးဆောင်၍ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ ပါဝင်ဖွဲ့စည်းထားသည့် ဟ့ဂျ်ရွေးချယ်စေလွှတ်ရေးဦးစီးကော်မတီသည် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဟ့ဂျ်ကိုယ်စားလှယ်များနှင့် ဟ့ဂျ်ဘုရားဖူးအများဆုံးရရှိခဲ့သော ဟ့ဂျ်ဗီဇာ ၃၅၀ ကို ဒေါင်းဇရပ်(အစား) အခမဲ့တည်းခိုခွင့်ရရှိရေး စီစဉ်ပေးခဲ့ပြီး မဲစနစ်ကျင့်သုံး၍ စေလွှတ်ပေး ခဲ့ပါသည်။

ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲကျင့်သုံးလာခဲ့သည်နှင့်အညီ ၂၀၁၃ ခုနှစ်မှစတင်၍ ယခင်သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဟ့ဂျ်ဘုရားဖူးစေလွှတ်ရေးကို “မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး”၏ကြီးကြပ်မှုဖြင့် ရွေးချယ်ဆောင်ရွက်ရန် ဖြေလျော့ပေး ခဲ့ပါသည်။

အလားတူ ယခင်သာသနာရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံတို့သို့ သွားရောက် သည့် ဗုဒ္ဓဂယာဘုရားဖူး စေလွှတ်ရေးလုပ်ငန်းကိုလည်း “မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း” ၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရန် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ ၁၈-၇-၂၀၁၇ ရက်နေ့တွင် လူမှုကွန်ယက် Facebook စာမျက်နှာပေါ်ရှိ ဗဟုသုတ ဟင်းပေါင်းအိုးကြီး NEWS Page ၌ “ယခုနှစ်တွင် သာသနာရေးဝန်ကြီးဌာနက ဆော်ဒီအာရေးဗီးယား နိုင်ငံ၊ မက္ကာ Mecca မြို့သို့ ဘုရားဖူးရန် ခွင့်ပြုသူမှာ ရခိုင်ပြည်နယ်မှ ၃၀ ဦး ရှိကြောင်း သိရှိရသည်” ဟု ရေးသားဖော်ပြထားသည့်ကိစ္စသည် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်နှင့် ၎င်းဒေသရှိ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတို့က ကြီးကြပ်ဆောင်ရွက်ခြင်းသာ ဖြစ်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းမရှိပါကြောင်း၊ ဤဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိပါကြောင်း အများပြည်သူသိရှိနိုင်ရန် ရှင်းလင်းဖော်ပြအပ်ပါသည်။