Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 25, Tuesday - July 2017
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအရ သံဃာ့ဂိုဏ်း ၉ ဂိုဏ်း ပါဝင်သည့် သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာရှိကြောင်း အသိပေးရှင်းလင်းချက်

၁၉၈၀ ပြည့်နှစ်၊ မေလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက တစ်ညီတစ်ညွတ်တည်း အတည်ပြုပြဋ္ဌာန်းခဲ့သည့် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အပိုဒ် ၄ အရ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ဂိုဏ်းပေါင်းစုံပါဝင်သောသံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ တည်ရှိပြီး သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အပိုဒ် ၇ အရ သံဃာ့အဖွဲ့အစည်းအတွင်း၌ အောက်ဖော်ပြပါ ထေရဝါဒသံဃာ့ဂိုဏ်းများကို တည်ထောင်ထားရှိခွင့်ပြု ခဲ့ပါသည်-

(၁)     သုဓမ္မာဂိုဏ်း

(၂)      ရွှေကျင်ဂိုဏ်း

(၃)     ဓမ္မာနုဓမ္မမဟာဒွါရနိကာယဂိုဏ်း

(၄)     ဓမ္မာဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း

(၅)     အနောက်ချောင်းဒွါရဂိုဏ်း

(၆)     ဝေဠုဝန်နိကာယဂိုဏ်း

(၇)     စတုဘုမ္မိကမဟာသတိပဌာန်ငှက်တွင်းဂိုဏ်း

(၈)     ဂဏဝိမုတ်ကူးတို့ဂိုဏ်း

(၉)     ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း

သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အပိုဒ် ၄၊ ၅၊ ၈ အရလည်းကောင်း၊ သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ပုဒ်မ ၃၊ ၅၊ ၈၊ ၉ အရလည်းကောင်း၊ ညွှန်ကြားလွှာ အမှတ် (၈၁)တို့အရလည်းကောင်း ဂိုဏ်းသစ်နှင့် အဖွဲ့အစည်းသစ်များ ဖွဲ့စည်းခွင့်မရှိကြောင်း တားမြစ်ခဲ့ပြီးဖြစ်ပါသည်။

ယနေ့မျက်မှောက်ကာလတွင် သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ရောထွေးပါဝင်သော ဘာသာရေး အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းသည် သံဃာစည်းလုံးညီညွတ်ရေးကို ထိခိုက်စေပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ကြီးကြပ်မှုကို ရှုပ်ထွေးစေပါသည်။

            သို့ဖြစ်ပါ၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းကို ဆန့်ကျင်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူခြင်းမရှိဘဲ သံဃာတော်များဖြင့် ဖြစ်စေ၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များဖြင့် ဖြစ်စေ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ဘာသာရေးအမည်ခံအဖွဲ့အစည်းများနှင့်ဂိုဏ်းဂဏများသည် ဥပဒေအရ ဖွဲ့စည်းခွင့်မရှိသည့် အဖွဲ့အစည်းများသာ ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွင်း သံဃာ့ဂိုဏ်း ၉ ဂိုဏ်း ပါဝင်သည့် သံဃာ့အဖွဲ့အစည်းကြီး တစ်ခုတည်းသာ တည်ရှိပါကြောင်း အများ ပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။