Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 28, Friday - July 2017
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ သတင်းစာရှင်းလင်းပွဲနှင့်ပတ်သက်၍ သတင်းအမှန်အား ရှင်းလင်းဖော်ပြခြင်း

လူမှုကွန်ရက် အင်တာနက် Facebook စာမျက်နှာပေါ်၌ မဟန ဥက္ကဋ္ဌဆရာတော်ဘုရားကြီးရဲ့ သတင်းစာရှင်းလင်းပွဲလုပ်မှာကို လာရောက်တားမြစ်လို့ သတင်းစာ ရှင်းလင်းပွဲ မလုပ်ဖြစ်တော့ဘူးလို့ သိရတဲ့အတွက် များစွာစိတ်မကောင်းဖြစ်မိပါတယ်”ဟု ပုဂ္ဂိုလ်အချို့မှ ရေးသားဖော်ပြထားသည်ကို သိရှိရပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့်အညီ ရွေးကောက် တင်မြှောက်ထားသော ဆရာတော်ကြီး (၄၇)ပါးတို့ဖြင့် သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာနှင့် ပညာရေးရာ စသည့် သာသနာရေးလုပ်ငန်းရပ်များကို နှစ်စဉ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေးများတွင် ဆွေးနွေးတော်မူခြင်း၊ လေးလ တစ်ကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေး များတွင် ဆွေးနွေးတော်မူခြင်း၊ အဖွဲ့ခွဲ ၃ ဖွဲ့ခွဲ၍ အလှည့်ကျ တာဝန်ထမ်းဆောင်ခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အနေဖြင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် တာဝန်ကျအဖွဲ့ခွဲသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏ လိုဏ်ဂူတော်အနီး မဟာနာယကကျောင်းဆောင်တွင် ရုံးထိုင်၍ သာသနာ့တာဝန် ရုံးလုပ်ငန်းများကို ထမ်းဆောင်လျက်ရှိပါသည်။

အဆိုပါလူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်တွင် ဖော်ပြထားခြင်းသည် မှန်ကန်ခြင်း လုံးဝမရှိပါကြောင်းနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဆိုပါက နိုင်ငံပိုင်သတင်းစာ၊ နိုင်ငံပိုင်ရုပ်မြင်သံကြား၊ နိုင်ငံတော်သံဃမဟာနာယက Website နှင့် ဤဝန်ကြီးဌာန Website တို့မှ တရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန