Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Tuesday - October 2017
သတင်းအမှန် သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် လက်နက်ခဲယမ်းများ တွေ့ရှိခဲ့သည်ဟူသော သတင်းအမှားများကို လူမှုကွန်ရက်အင်တာနက် Facebook စာမျက်နှာပေါ်တွင် Faisal Thar Thakhin အကောင့်ဖြင့် ၂၃-၁၀-၂၀၁၇ ရက်နေ့တွင် စတင်ရေးသားဖော်ပြခဲ့ပြီး Myanmar News သတင်းဌာနမှ အဆိုပါသတင်းအား ထပ်မံဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          ထိုသို့ သတင်းအမှားများ ရေးသားဖော်ပြခဲ့သည့် Faisal Thar Thakhin အကောင့်ပိုင်ရှင်သည် လူမှုကွန်ရက်အင်တာနက် စာမျက်နှာပေါ်တွင် အကောင့် ၃ ခုဖြင့် အမုန်းတရားဖြစ်စေသော အကြောင်းအရာ များ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ရေးသား ထုတ်လွှင့်ဖော်ပြနေသူဖြစ်သောကြောင့် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် လက်နက်ခဲယမ်းများ တွေ့ရှိသည်ဟူသော သတင်းမှာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားဖော်ပြသည့် သတင်းအမှားဖြစ်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။