Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 01, Wednesday - November 2017
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဖွံ့ဖြိုးတိုးတက်မှုများ

    မြန်မာနိုင်ငံတော်အတွင်းသာမက ကမ္ဘာသို့တိုင်အောင် ထင်ရှားကျော်စောသောဘုရား၊ စေတီတော်များအနက် တစ်ဆူဖြစ်သောမွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်နှင့်ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများအပါအဝင် ဩဇာတိက္ကမကြီးမားသောဆရာတော်ကြီးများ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများကယခင်ဂေါပကအဖွဲ့ဟောင်း၏ စီမံဆောင်ရွက်မှုများကိုဝေဖန်ပြောဆိုခဲ့ကြပြီး ဘုရားဖူးပြည်သူများ ကြည်ညိုသဒ္ဓါတိုးပွားစေရေး၊ စီးပွားရေးဆန်သောကန်ထရိုက်စနစ်များကို ပြုပြင်ဆောင်ရွက်ရေးတို့ကို လိုလားကြောင်း ထောက်ပြခဲ့ကြပါသည်။

           ထို့ကြောင့် ၂၀၁၆ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကျိုက်ထီးရိုးစေတီတော်ဝတ္တကမြေအတွင်း စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာဆောင်ရွက်မှုမရှိသည့်စီးပွားရေးလုပ်ငန်းများကိုတည်ဆဲ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးတို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ စီမံဆောင်ရွက်ခဲ့ပါသည်။

         သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ခေတ်ကာလနှင့်မလျော်ညီသောကျိုက်ထီးရိုးစေတီတော် ဂေါပကစည်းမျဉ်းကိုလည်းပြင်ဆင်ရေးဆွဲခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်ခဲ့ရာ ၁၉-၆-၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်တရားလွှတ်တော်ကကျိုက်ထီးရိုးစေတီတော် ဂေါပကစည်းမျဉ်းသစ်ကို တရားမကျင့်ထုံးဥပဒေပုဒ်မ ၉၂(၁)(ဇ)အရအတည်ပြုခဲ့ပါသည်။

         ၂၀၁၆ ခုနှစ်တွင် ဂေါပကအဖွဲ့သစ်အနေဖြင့် ရွှေသင်္ကန်းကန်ထရိုက်လုပ်ငန်း၊အလှူခံပုံးစသည့်ကန်ထရိုက်စာချုပ်စနစ်များကိုပယ်ဖျက်၍ ဘက်စုံပဒေသာပင် အလှူခံဌာနတစ်ခုတည်းသာ ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ရင်ပြင်တော်ရှိ တည်းခိုဆောင်ကန်ထရိုက်စနစ်ကိုပယ်ဖျက်၍ ဂေါပကအဖွဲ့သစ်ကတိုက်ရိုက်စီမံကြီးကြပ်ပြီး ဘုရားဖူးပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာ ဘုရားဖူးနိုင်ရေးအတွက် အခမဲ့တည်းခိုနိုင်ရေးနှင့် သက်သာသောနှုန်းထားဖြင့် တည်းခိုနိုင်ရေးတို့ကိုစီစဉ်ဆောင်ရွက်ခြင်း၊ စီးပွားရေးဆန်သောအနှစ် ၂၀၊ အနှစ် ၃၀ ရေရှည်ကန်ထရိုက်စာချုပ်ပေါင်း ၁၄ မျိုးတို့ကို ပယ်ဖျက်ခြင်းစသည့်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

          ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ရှိ တိဿဓမ္မာရုံ(ပထမထပ်)၊ဆီမီး ၉၀၀၀ ဓမ္မာရုံ စသည်တို့ရှိ အခန်း၂၉ ခန်းတွင် ဘုရားဖူး ရဟန်း၊ ရှင်၊ လူ၊ ပြည်သူ ၁၂၆၇ ဦးတို့အား အခမဲ့တည်းခိုနိုင်ရေးနှင့်တိဿဓမ္မာရုံ(ဒုတိယ၊ တတိယ၊ စတုတ္ထထပ်)၊ ပေ ၄၀ ဓမ္မာရုံစသည့် ဓမ္မာရုံများနှင့် တည်းခိုဆောင်တို့ရှိ အခန်း ၃၇၃ ခန်းတွင် ဘုရားဖူး ၁၄၄၀ ဦးတို့အားအခပေးတည်းခိုနိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ပါသည်။

          အခပေးတည်းခိုဆောင်များတွင် တည်းခိုရာ၌လည်း Air-con၊ ခေါင်းအုံး၊စောင်၊ ခြင်ထောင်များ ဝန်ဆောင်မှုပေး၍ ၁ ယောက်လျှင် ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်၊၁၅၀၀၀ ကျပ် စသည်ဖြင့် ယခင် နှုန်းထားများထက် များစွာလျော့နည်းသက်သာသော နှုန်းထားများသတ်မှတ်၍တည်းခိုနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

         ယခင်နှစ်တောင်တော်ဖွင့်ပွဲတွင် အလှူတော်ငွေကျပ် ၁၂၇ သိန်းရရှိခဲ့ပြီး ယခုနှစ်တောင်တော်ဖွင့်ပွဲတွင်အလှူတော်ငွေကျပ်၈၄၄ သိန်းရရှိခဲ့သောကြောင့် ကျပ် ၇၁၇ သိန်းကျော်ပိုမိုရရှိခဲ့ပါသည်။ ယခင်နှစ်ရွှေဆိုင်းအရောင်းလုပ်ငန်းအား ကန်ထရိုက်စနစ်ကျင့်သုံးစဉ်က လေလံကြေး တစ်နှစ်စာကျပ် ၆၃၈ သိန်းကျော်ရရှိခဲ့ပါသည်။ ယခုနှစ်ဂေါပကအဖွဲ့သစ်၏ကြီးကြပ်မှုဖြင့် ရွှေဆိုင်းရောင်းချခဲ့ရာကျပ်၉၆၈၅ သိန်းကျော်ရရှိခဲ့သောကြောင့်၉၀၄၇ သိန်းကျော် ပိုမိုရရှိခဲ့ပါသည်။

         ရင်ပြင်တော်အလှူခံပုံးများတွင်ယခင်နှစ်က တစ်နှစ်စာ ငွေကျပ် ၄၁၁ သိန်းကျော်ရရှိခဲ့ပြီး ယခုနှစ် ဂေါပကအဖွဲ့သစ်တာဝန်ယူသည့်ကာလတွင်၅၂၉၈ သိန်းကျော်ရရှိခဲ့သောကြောင့် ကျပ် ၄၈၈၇ သိန်းကျော်ပိုမိုရရှိခဲ့ပါသည်။  ဆည်းလည်းအရောင်းလုပ်ငန်းကိုကန်ထရိုက်စနစ်ကျင့်သုံးခဲ့စဉ်ကကျပ် ၁၆၇သိန်းကျော်ရရှိခဲ့ပြီး ယခုနှစ်ဂေါပကအဖွဲ့သစ်၏ ကြီးကြပ်မှုဖြင့်ရောင်းချခဲ့ရာ ကျပ် ၂၅၂၁ သိန်းကျော်ရရှိခဲ့သောကြောင့် ကျပ် ၂၃၅၄ သိန်းကျော်ပိုမိုရရှိခဲ့ပါသည်။

         ဂေါပကအဖွဲ့သစ် တာဝန်ယူသည့် ၁၅-၁၀-၂၀၁၆ ရက်နေ့မှ ၃၁-၈-၂၀၁၇ရက်နေ့အထိ ကျိုက်ထီးရိုးစေတီတော်ကြီးသို့ပြည်တွင်းဘုရားဖူး ၂.၆သန်းကျော်နှင့် ပြည်ပဘုရားဖူး ၁.၁ သိန်းကျော်တို့ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

         ကျိုက်ထီးရိုးစေတီတော်တွင်ဂေါပကအဖွဲ့သစ်လက်ထက်၌ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများဆောင်ရွက်မှုကြောင့် ဂေါပကအဖွဲ့ဟောင်းလက်ထက် ၂၀၁၅-၂၀၁၆ပွဲတော်ရာသီနှင့် ဂေါပကအဖွဲ့သစ်လက်ထက် ၂၀၁၆-၂၀၁၇ ပွဲတော်ရာသီကာလအလှူငွေတိုးတက်ရရှိမှုမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်-

                                                     ၀၁၅-၂၀၁၆         ၂၀၁၆-၂၀၁၇   တိုးတက်မှု                                                     ပွဲတော်ရာသီ  (ကျပ်သိန်း)        (ကျပ်သိန်း)

                                               (တစ်နှစ်)                                (တစ်နှစ်)

          (က) တောင်တော်ဖွင့်ပွဲ                  ၁၂၇   သိန်း        ၈၄၄ သိန်း            ၇၁၇  သိန်း 

          (ခ)   ရွှေဆိုင်းလုပ်ငန်း                  ၆၃၈   သိန်း      ၉၆၈၅ သိန်း          ၉၀၄၇  သိန်း

          (ဂ)   အလှူခံပုံး                          ၄၁၁   သိန်း       ၅၂၉၈ သိန်း          ၄၈၈၇  သိန်း 

          (ဃ) ဆည်းလည်းလုပ်ငန်း             ၁၆၇   သိန်း       ၂၅၂၁ သိန်း          ၂၃၅၄  သိန်း

          (င)   ဘုရားရန်ပုံငွေ                     ၁.၆    ဘီလီယံ    ၅.၆၅ဘီလီယံ    ၄.၀၅ ဘီလီယံ

        ၂၆-၉-၂၀၁၆ ရက်နေ့တွင် ဂေါပကအဖွဲ့ဟောင်းမှဂေါပကအဖွဲ့သစ်သို့ လွှဲပြောင်းပေးသည့် စေတီတော်ကြီး၏ ဘဏ္ဍာတော်မှာ ငွေကျပ် ၁.၆ ဘီလီယံကျော်နှင့်နိုင်ငံခြားငွေမျိုးစုံ ၈ သိန်းကျော်ရှိခဲ့ပါသည်။ဂေါပကအဖွဲ့သစ် စတင်တာဝန်ယူချိန်မှစ၍ ၁ နှစ်တာကာလအတွင်းဘဏ္ဍာတော်မှာ ငွေကျပ်၅.၆၅ ဘီလီယံကျော်နှင့်နိုင်ငံခြားငွေမျိုးစုံ၂၅ သိန်းကျော်ရရှိခဲ့သောကြောင့် ဘဏ္ဍာတော်ငွေကျပ် ၄.၀၅ ဘီလီယံကျော်နှင့်နိုင်ငံခြားငွေမျိုးစုံ ၁၇ သိန်းကျော် တိုးတက်ရရှိလာခဲ့ပါသည်။

         ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့သစ်သည် စေတီတော်ရင်ပြင်တော်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် တောင်တက်ကားလမ်းများတည်ဆောက်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို တင်ဒါစနစ်ကျင့်သုံး၍ ပွင့်လင်းမြင်သာစွာစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

         ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏သာသနာတော်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကိုဘုရားဖူး ရဟန်း၊ ရှင်၊ လူ ပြည်သူအားလုံးတို့၏ ဆန္ဒနှင့်အညီ ဘက်စုံဖွံ့ဖြိုး တိုးတက်နေစေရန်စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

         ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအားအနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသည့်ရဟန်း၊ ရှင်၊ လူ ပြည်သူများ အဆင်ပြေချောမွေ့စွာ နားနေတည်းခိုနိုင်ရန်အတွက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ဂေါပကအဖွဲ့က စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါသည်။ဘုရားဖူး ရဟန်း၊ရှင်၊ လူ ပြည်သူ မည်သူမဆို စေတီတော်ရင်ပြင်တော်ရှိ အောက်ဖော်ပြပါ ဇယား(၁)ရှိအခမဲ့ဓမ္မာရုံနှင့် အဆောင်များ၌ စိတ်ချမ်းမြေ့စွာ အခမဲ့တည်းခိုနိုင်ပါသည်။

         ထို့အပြင် ဘုရားဖူး ရဟန်း၊ ရှင်၊ လူ ပြည်သူများတည်းခိုနိုင်သည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ရင်ပြင်တော်ရှိ အောက်ဖော်ပြပါ ဇယား(၂)ရှိ ဓမ္မာရုံများနှင့် တည်းခိုဆောင်များကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရန်အတွက် တည်းခိုလိုသည့် ဘုရားဖူးခရီးသွားပြည်သူများက သတ်မှတ်နှုန်းထားများအတိုင်း ကုသိုလ်ယူလှူဒါန်းငွေ ထည့်ဝင်၍တည်းခိုနိုင်ပါသည်။

         ဖော်ပြပါဓမ္မာရုံများနှင့် တည်းခိုဆောင်များအား မူလပုံစံမပျက် အရှည်တည်တံ့စေရန်လည်းကောင်း၊လက်ရှိခန့်အပ်ထားသော ဝန်ထမ်းများ အလုပ်အကိုင် ဆက်လက်ရရှိစေရန်လည်းကောင်း၊ဓမ္မာရုံများပြင်ဆင်ထိန်းသိမ်းစေရေးစရိတ်၊ရေ၊ မီး၊ မိလ္လာနှင့် အခြားအသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် ရည်ရွယ်၍လည်းကောင်း တည်းခိုလိုသည့် ဘုရားဖူး ခရီးသွားပြည်သူများ၏စိတ်ချမ်းမြေ့စွာ တည်းခိုနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဇယား(၁)

စဉ်

ဓမ္မာရုံ

အထပ်

အခန်း

တည်းခိုနိုင်သော ဦးရေ

ကြီးကြပ်သူ/ ဖုန်းနံပါတ်

တိဿဓမ္မာရုံ

(ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ)

ပထပ်

၂၁

ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မော်လမြိုင်မြို့

၀၅၇ ၂၃၉၃၇

ဆီမီး(၉၀၀၀)ဓမ္မာရုံ

ပ-ဒု-တထပ်

 

၆၀၀

ဂေါပကအဖွဲ့ရုံး

၀၉ ၈၇၂၃၁၉၆

၀၉ ၈၇၂၃၁၉၈

ပြည့်စုံ(ရင်ပြင်တော်)

ပ-ဒု-တထပ်

၁၈

၃၆

ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မော်လမြိုင်မြို့

၀၅၇ ၂၃၉၃၇

ပြည့်စုံ(မုဆိုးတောင်)

ပ-ဒု-တထပ်

 

၆၀၀

ဂေါပကအဖွဲ့ရုံး

၀၉ ၈၇၂၃၁၉၆

၀၉ ၈၇၂၃၁၉၈

သုံးထပ်ဓမ္မာရုံ

ပထပ်

၁၀

ဂေါပကအဖွဲ့ရုံး

၀၉ ၈၇၂၃၁၉၆

၀၉ ၈၇၂၃၁၉၈

စုစုပေါင်း

 

၂၉

၁၂၆၇

 

 

ဇယား(၂)

စဉ်

ဓမ္မာရုံ

အထပ်

အခန်း

တည်းခို

နိုင်သော ဦးရေ

ဝန်ဆောင်ခ

၁ ဦးအတွက် ကောက်ခံနှုန်း

လုပ်ကိုင်ခွင့်ရရှိသူ/ ဖုန်းနံပါတ်

တိဿဓမ္မာရုံ

ဒု-တ-စထပ်

၃၉

၇၈

၁၀၀၀၀

ဦးခင်တိုး

၀၉ ၄၅၃၉၀၄၄၅၈

ပေ ၄၀ ဓမ္မာရုံ

ပ-ဒု-တထပ်

၈၀

၄၀၈

၅၀၀၀

ဦးသန့်ဟန်

၀၉ ၈၆၁၇၅၃၄

သုံးထပ်ဓမ္မာရုံ

ဒု-တ-စထပ်

၆၈

၃၀၃

၅၀၀၀

ဦးမောင်နိုင်

၀၉ ၄၅၄၁၉၂၈၅၉

ဂေါပကအဖွဲ့ ဓမ္မာရုံ

ပ-ဒု-တ-စ-ပဉ္စမထပ်

၂၇

၅၀

၅၄

၁၀၄

၁၀၀၀၀

၁၅၀၀၀

ဦးနေထက်သိန်းနိုင်

၀၉ ၈၆၁၀၉၉၉

တည်းခိုဆောင်

(၁)ကြူကြူဝင်း

 

၂၄

၁၁၆

၅၀၀၀

ဦးအောင်မြင့်ကို

၀၉ ၉၇၃၇၈၂၁၃၃

တည်းခိုဆောင်

(၂)ဝင်း

 

၃၉

၁၆၅

၅၀၀၀

ဦးဝင်းမြင့်

၀၉ ၉၇၂၀၇၉၄၂၉

တည်းခိုဆောင်

(၃)(၄)ပွင့်ထူး

 

၄၆

၂၁၂

၅၀၀၀

ဦးတင်အောင်

၀၉ ၈၇၂၃၁၂၇

စုစုပေါင်း

 

၃၇၃

၁၄၄၀