Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 07, Tuesday - November 2017
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သော တတိယအကြိမ် ငြိမ်းချမ်းရေး နှစ်ပတ်လည်ထိပ်သီးညီလာခံအစည်းအဝေးနှင့် အထိမ်းအမှတ်ပွဲ(WARP Summit, Seoul)တွင် ပြောကြားခဲ့ခြင်းနှင့်ပတ်သက်၍ ပြန်လည်တောင်းပန်လာမှုအခြေအနေ

၁၈-၉-၂၀၁၇ ရက်နေ့တွင် တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၌ ကျင်းပပြုလုပ်သော တတိယအကြိမ် ငြိမ်းချမ်းရေး နှစ်ပတ်လည်ထိပ်သီးညီလာခံအစည်းအဝေးနှင့် အထိမ်းအမှတ်ပွဲ၊ World Alliance Religions Peace(WARP)Summit, Seoul တွင် တူနီးရှားနိုင်ငံ သမ္မတဟောင်း H.E. Moncef Marzouki က “ယခုလက်ရှိ ဖြစ်ပွားနေသော စစ်ပွဲအများစုတွင် ဘာသာရေးအကျုံးဝင်မှုနှင့် တရား မျှတကြောင်း ပြသမှုတို့ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော လူမျိုးတုံး သတ်ဖြတ်ခြင်းအပေါ် ဗုဒ္ဓဘာသာကို ကာကွယ်ခြင်းဟု ယူဆကြကြောင်း၊ အထင်အရှားပြောရမည်ဆိုလျှင် အကြမ်းဖက်မှုနှင့် ဘာသာရေးကို ရောယှက်ဖြစ်သော ရာဇဝတ်မှုပင်ဖြစ်ကြောင်း၊ ယခုဗုဒ္ဓခေတ်တွင် ဗုဒ္ဓရဟန်းတော်များကို ကြည့်သောအခါ ဗုဒ္ဓဘာသာက ဆုံးမထားသကဲ့သို့ ငြိမ်းချမ်းရေးနှင့်သည်းခံမှုတန်ဖိုးများအတွက် ကိုယ်စားလှယ်များဟု ထင်ရပြီး မြန်မာနိုင်ငံရှိ မွတ်ဆလင် လူနည်းစုကို မျိုးဖြုတ်သုတ်သင်ခြင်းသည် အလွန်ထူးဆန်းပြီး ရင်နာစရာကောင်းပါကြောင်း၊ ယေဘုယျအားဖြင့် ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များ အားလုံးနှင့် အထူးသဖြင့် ဤထိပ်သီးညီလာခံသည် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်နေကြောင်း ကျွန်ုပ်ထင်မြင်မိပါသည်” ဟု ပြောဆိုခဲ့ပါသည်။

            ၎င်း၏ပြောဆိုစွပ်စွဲချက်များအတွက် အဆိုပါအခမ်းအနားအား တာဝန်ယူကျင်းပခဲ့သည့် ဆိုးလ်မြို့ အခြေစိုက် Heavenly Culture, World Peace, Restoration of Light (HWPL) အဖွဲ့မှ Director Ye Won Lee က ၂၆-၁၀-၂၀၁၇ ရက်စွဲပါ တောင်းပန်စာအား အောက်ပါအတိုင်း ဖော်ပြ ပေးပို့လာပါသည်-

“မတူကွဲပြားသော လူမျိုးစုများ၊ ယဉ်ကျေးမှုများနှင့် ဘာသာရေးများ  စုစည်းထားသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့အစည်း ဖြစ်ပါ သည်။ တိုင်းပြည်အသီးသီးမှ လူများစုအကြား မတူကွဲပြားခြင်းကို  ကျော်လွှားခြင်း၊ ငြိမ်းချမ်းရေးကို အဓိကရည်ရွယ်သော အမြင်များမှတစ်ဆင့် Heavenly Culture, World Peace, Restoration of Light(HWPL)သည် အတွေးအခေါ်များကို နားထောင် ပေးပါသည်။ သို့သော်ငြားလည်း ဤဖြစ်စဉ်မှတစ်ဆင့် HWPL မှ ရည်မှန်းထားသည့် ငြိမ်းချမ်းရေး အသိသညာများနှင့် အလှမ်းဝေးသောအမြင်များနှင့် အတွေးအခေါ်များကို ပြန်လည်ဆွေးနွေးပါသည်။ HWPL မှာ ကမ္ဘာ့ငြိမ်းချမ်းရေးပွဲကို လက်ခံကျင်းပခဲ့ပြီး ဆွေးနွေးတင်ပြသူတစ်ယောက်မှ ပုဂ္ဂိုလ်ရေး ဆိုင်ရာ မျက်နှာလိုက်သော စကားရပ်သည် အလွန်ဝမ်းနည်းဖွယ် ထွက်လာခဲ့ပါသည်။ HWPL သည် ကျွန်ုပ်တို့၏ စဉ်းစားဆင်ခြင်ဉာဏ်နှင့် ပြန်လည်သုံးသပ်ခြင်းကို ဖြစ်စေခဲ့သော ထိုစကားရပ်အတွက်  လွန်စွာဝမ်းနည်းရပါသည်။

          ကြားနေဝါဒအားဖြင့် စစ်ပွဲများရပ်တန့်ရေးအတွက် ငြိမ်းချမ်းရေးကို လိုလားတောင့်တသော အဖွဲ့အစည်းအနေဖြင့် HWPL သည် မြန်မာနိုင်ငံ၏ အလွန်အထိအခိုက်မခံဘဲ  အငြင်းပွားဖွယ်ဖြစ်သော ပြုပြင်ပြောင်းလဲမှုကာလတွင်  ချင့်ချိန်ရှုမျှော်ရာ  လုံလောက်မှုမရှိသည့်အတွက် လှိုက်လှိုက်လှဲလှဲ တောင်းပန်အပ်ပါသည်။ ထိုကဲ့သို့သော အမှားမျိုး နောက်တစ်ဖန် မဖြစ်စေရပါ။”ဟု ရှင်းလင်း ဖော်ပြတောင်းပန်ထားပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်။