Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Sunday - December 2017
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် တရားပွဲကျင်းပမည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

၁။      တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် တရားပွဲကျင်းပရန် ရန်ကုန်အရှေ့ပိုင်း ခရိုင်သာသနာရေးမှူးရုံးသို့ ထောက်ခံချက်တောင်းခံသည့်ကိစ္စနှင့်ပတ်သက်၍ ရင်နာစွာဟောရမည့် တရားပွဲလာရောက်နာယူကြစေကုန်သော် ဒီနေ့တောင်ဥက္ကလာပတရားပွဲ ပြဿနာတက်နေလို့ ခရိုင်သာသနာရေးမှူးရုံးသို့ သွားခဲ့ရပါတယ်၊ ဘွဲ့တွေအောင်လက်မှတ်တွေက ပြည်ပကဘွဲ့တွေဖြစ်နေလို့  တရားပွဲကိုလက်မှတ်ထိုးမပေးဘဲ ပြဿနာရှာနေတဲ့ ခရိုင်သာသနာရေး  ရွံ့လွန်းလို့ ရစ်စရာ မဟုတ်တာ တအားကိုပတ်ရစ်နေတာကို အများကြီးမရှင်းတော့ဘဲ တရားပွဲကြီးလည်းပျက်သွားမှာ ဆိုလို့ ဒကာကြီးတို့ခွင့်ပြုရင်ဟောမယ် မပြုရင်မဟောဘူး အဲတော့မှ လက်မှတ်ထိုးပေးတယ် လက်မှတ် ထိုးပြီးတော့လည်း ပြောလိုက်ပါသေးတယ် ဒီတစ်ပွဲခွင့်ပြုမယ် နောက်ပွဲတွေ ခွင့်မပြုဘူးတဲ့ဗျာ ဘုရား ထက်တောင်ရိုသေနေရပါလား ခွေးသူတောင်းစားတို့ရယ်" ဟု လူမှုကွန်ရက် အင်တာနက် စာမျက်နှာ တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၂။      ၂၀-၁၂-၂၀၁၇ ရက်နေ့ ၁၁၀၀နာရီအချိန်ခန့်တွင် အရှေ့ပိုင်းခရိုင်သာသနာရေးမှူးရုံးသို့ အဆိုပါ တရားပွဲထောက်ခံချက် လာရောက်တောင်းခံသဖြင့် စိစစ်ရာတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ချမှတ်ထားသော နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ အရည်အချင်း ၉ ချက် နှင့် ကိုက်ညီမှုမရှိကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။      နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါအရည်အချင်း ၉ချက်ကို ၂၈-၁၁-၂၀၁၁ရက်နေ့တွင် ကျင်းပသော ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ပန္နရသမအစည်းအဝေးက ထုတ်ပြန်ထားမှုကို ၁၄-၃-၂၀၁၆ ရက်နေ့တွင် ကျင်းပသော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ ဒသမအစည်းအဝေးကလည်း  ထပ်မံအတည်ပြုခဲ့  ပါသည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ချမှတ်ထားသော နယ်လှည့်ဓမ္မကထိက ဂုဏ်အင်္ဂါ အရည်အချင်း၉ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

        (က)     ဒါနသီလကြောင့် နတ်ပြည်၌ စည်းစိမ်ခံစားရပုံ၊ ကာမဂုဏ်တို့၏ အပြစ်၊ ကာမဂုဏ်မှ ထွက်မြောက်လိုမှုဟု ဆိုအပ်သော တစ်ဆင့်ထက်တစ်ဆင့် မြင့်သော အစဉ်အတိုင်းသော  (အနုပုဗ္ဗိကထာ)အစဉ်အတိုင်းဖြစ်သော တရားစကားကို ဟောကြားခြင်း။

        (ခ)      အကျိုးအ​ကြောင်း ဆက်စပ်ပြသော (ပရိယာယဒဿာဝီ)တရားစကားကို ဟောကြား ခြင်း။

  (ဂ)       သံသရာဆင်းရဲဒုက္ခကို ခံစားနေရသော တရားနာပရိသတ်အား သနားခြင်း ကြောင့်  တရားဟောကြားခြင်း။

  (ဃ)     ငွေကြေးလှူဖွယ်၀တ္ထုပစ္စည်း(အာမိသ)ကို မငဲ့ကွက်သောစိတ်ဖြင့် တရား ဟောခြင်း။

        (င)      မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း၊ မထိပါးမပုတ်ခတ်မူ၍ တရား ဟောကြားခြင်း။

  (စ)       သင်္ဂါယနာခြောက်တန်တင် ထေရဝါဒပိဋကတ်တော်လာ   တရားတော်များကိုသာ ဟောကြားခြင်း။

  (ဆ)     ထေရဝါဒပိဋကတ်တော်နှင့် ဆန့်ကျင်သော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းသည့် လောကီလူမှုရေးကိစ္စများကို ထည့်သွင်းဟောကြားမှု မပြုခြင်း။

  (ဇ)      အနည်းဆုံးသိက္ခာဝါ(၁၀)ဝါရှိ၍ကိုယ်ကျင့်သီလနှင့်ပြည့်စုံသည့်သီလ၀န္တပုဂ္ဂိုလ်ဖြစ်ခြင်း။

  (စျ)      နယ်လှည့်ဓမ္မကထိကပုဂ္ဂိုလ်၏ ပညာအရည်အချင်းမှာ သာသနဓဇ ဓမ္မာစရိယ၊ သကျသီဟ ဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယ၊ သာသနတက္ကသီလ ဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ ဘွဲ့တစ်ခုခု၊ နိုင်ငံတော်မှ ဆက်ကပ်သော ဓမ္မကထိကဗဟုဇနဟိတ ဓရဘွဲ့တစ်ခုခု" ရရန်လိုအပ်ခြင်း။ သင်္ဂါယနာခြောက်တန်တင်အပ်သော ထေရဝါဒ ပိဋကတ်တော်နှင့် ညီညွတ်သည့် တရားတော်များကို ဟောကြားနိုင်သော ပုဂ္ဂိုလ် ဖြစ်ခြင်း။ (ထေရဝါဒ ပိဋကတ်တော်နှင့် မညီညွတ်သော အချက်များကို ဟောကြားပါက ဟောကြား သူ၏ တာ၀န်သာဖြစ်သည်။)

-         ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆက်စပ်ကြည့်ရှုနိုင်မှသာလျင် သင်္ဂါယနာခြောက်တန်တင် ပိဋကတ်တော်နှင့်လျော်ညီစွာတရားဟောနိုင် မည်ဖြစ်၍ အရည်အချင်းကို ဓမ္မာစရိယတန်းအောင် ဖြစ်သင့်သည်ဟု ထည့်သွင်းဖော်ပြရခြင်း ဖြစ်ပါသည်။ ထိုကဲ့သို့ ပါဠိ အဋ္ဌကထာ ဋီကာများကို မကြည့်ရှုနိုင်သူများမှာမူ ထေရဝါဒပိဋကတ်တော်နှင့် မညီညွတ် ဆန့်ကျင်သည့်အချက်များကို ဟောကြားမိ ပါက တရားနာပရိသတ်များ အမြင်မှား၊ အယူမှားဖြစ်သွားနိုင်သောကြောင့် ပရိယတ္တိစာပေ မကျွမ်းကျင်သူများကို တရားဟောခွင့် တားမြစ်ပိတ်ပင်ရခြင်း ဖြစ်သည်။

၄။           တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံ၌ တရားပွဲကျင်းပခွင့်တောင်းခံသည့် တာမွေမြို့နယ်၊ မြို့ဦးကျောင်းမှ ဒေါက်တာ ဘဒ္ဒန္တဝိလာသသည် ဓမ္မာစရိယ မရသောကြောင့် ဟောပြော ခွင့် မရှိကြောင်း ရှင်းပြခဲ့ခြင်းသာဖြစ်ပါသည်။

၅။      သို့ရာတွင် တောင်ဥက္ကလာပမြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်နှင့် မြို့နယ်စည်ပင်၊ လ၀က၊ မီးသတ်စသည့် ဌာနဆိုင်ရာရုံးတို့မှ ထောက်ခံထားသဖြင့် အရှေ့ပိုင်းခရိုင် သာသနာရေးမှူးက ဒီတစ်ကြိမ်တော့ တပည့်တော်ထောက်ခံ​ပေးလိုက်ပါမည်၊ နောက်တစ်ကြိမ် ဟောကြားမည်ဆိုပါက အမှုတွဲကို ပြည့်စုံစွာတင်ပါဟု လျှောက်ထား၍ ထောက်ခံပေးခဲ့ခြင်းသာဖြစ်ပြီး၊ အမှုတွဲမပြည့်စုံ၍ ရှင်းပြခဲ့ခြင်း သာဖြစ်ပါသည်။

၆။      သို့ဖြင့်ပါ၍ ၁၁-၂-၂၀၁၈ ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ဗဟိုဓမ္မာရုံ၌ တရားပွဲကျင်းရန် ရန်ကုန်အရှေ့ပိုင်းခရိုင်သာသနာရေးမှူးရုံးသို့ ထောက်ခံချက်သွားရောက်တောင်းခံ ရာ ခရိုင်သာသနာရေးမှူးက ပြဿနာရှာသည်ဟု စသည်ဖြင့် လူမှုကွန်ရက် အင်တာနက်စာမျက်နှာများ တွင်ဖော်ပြခဲ့မှုသည် မဟုတ်မမှန်ဖော်ပြခဲ့ခြင်းသာဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် ရှင်းလင်း ဖော်ပြအပ်ပါသည်။

 

 

(သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန)