Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 13, Tuesday - February 2018
မော်လမြိုင်မြို့တွင် ဦးလေးကျေးရွာဒေသခံများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

          မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာ၊ သီရိမင်္ဂလာတိုက်ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးဇနိတ က ယင်းကျေးရွာနေ ဒေါ်စန်း၏သမီး ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦကို ဖြားယောင်းသွေးဆောင်ပြီး ကာမရယူခဲ့သည့်ဖြစ်စဉ်အား ကွင်းဆင်းစစ်ဆေးမှုနှင့်စပ်လျဉ်း၍ ၂၃-၁-၂၀၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဦးလေးကျေးရွာဒေသခံများက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့မှုအပေါ် ၂၄-၁-၂၀၁၈ ရက်နေ့တွင် လူမှုကွန်ရက်အင်တာနက်စာမျက်နှာပေါ်ရှိ 7 Day Daily သတင်းစာ၌ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(သာသနာရေး)က အဆိုပါဖြစ်စဉ်အပေါ် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

          (က)    ၃၁-၁-၂၀၁၇ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာအုပ်စု၊ သီရိမင်္ဂလာတိုက် ကျောင်းတွင် ဖြစ်ပွားသော ပထမပါရာဇိကအနုဝါဒါဓိကရုဏ်းမှုခင်း(မေထုန်အမှု)ကို ကျိုက်မရောမြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ အမှတ်(၁)က ဦးဇနိတကို စင်ကြယ်သော ပုဂ္ဂိုလ် ဟူ၍ မဆိုအပ်၊ မစင်ကြယ်သော ပုဂ္ဂိုလ်ဟူ၍လည်း မဆိုအပ်သဖြင့် နေဝသုဒ္ဓ နာသုဒ္ဓ ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို ကျိုက်မရောမြို့နယ်သံဃနာယက အဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြခဲ့ပါသည်။

          (ခ)     အဆိုပါမေထုန်အမှုနှင့်ပတ်သက်၍ ဦးဇနိတကို အရေးယူပေးပါရန် ဦးလေးကျေးရွာနေ ဦးချစ်ဝေ ပါ ၁၀၇ ဦးတို့က မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့သဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ညွှန်ကြားချက် ရရှိမှသာ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၁၃-၃-၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်သာသနာရေးမှူးရုံးက မွန်ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါသည်။

          (ဂ)     ဦးဇနိတသည် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအား သွေးဆောင်ဖြားယောင်း ပေါင်းသင်းခြင်း၊ တင်ပလ္လင်ခွေ ဘုရားဆင်းတုတော်အား ကိုယ်တိုင်ရိုက်ချိုးခြင်း၊ အလှူခံရငွေများကို ကိုယ်တိုင်ငွေကိုင်သုံးစွဲပြီး စာရင်းရှင်းလင်းမှု မရှိခြင်းနှင့် လောင်းကစား ပြုလုပ်နေခြင်းတို့ကြောင့် အရေးယူပေးပါရန် ဦးလေးကျေးရွာနေ ဦးချစ်ဝေ ပါ၁၀၇ ဦးတို့က တိုင်ကြားလာသည့်ကိစ္စနှင့်ပတ်သက်၍ စိစစ်တင်ပြရန် ၁၄-၃-၂၀၁၇ ရက်နေ့တွင် သာသနာရေးဦးစီးဌာနမှ မွန်ပြည်နယ်သာသနာရေးမှူးရုံးသို့ အကြောင်းကြားခဲ့သဖြင့် မွန်ပြည်နယ်သာသနာရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်သာသနာရေးမှူး (လဝက)နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ၂၉-၄-၂၀၁၇ ရက်နေ့တွင် ကွင်းဆင်းစိစစ်မှုပြုလုပ်ခဲ့ပါသည်။

           (ဃ)    တရားရုံး၏ဖမ်းဝရမ်းအမိန့်ဖြင့် ဦးဇနိတအား ကျိုက်မရောမြို့နယ်၊ ရန်မျိုးအောင် ရပ်ကွက်၊ ရသေ့ကျောင်းဆရာတော်၏ရှေ့မှောက်တွင် သင်္ကန်းချွတ်၍ လူဝတ်လဲခဲ့ပါကြောင်း နှင့် ဦးဇနိတသည် တင်ပလ္လင်ခွေ ဘုရားဆင်းတုတော်အား ကိုယ်တိုင်ရိုက်ချိုးခဲ့သည်မှာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိခဲ့ပါသည်။

          (င)     ဦးဇနိတ၏ပထမပါရာဇိကမှုခင်းနှင့်ပတ်သက်၍ ကျိုက်မရောမြို့နယ် သီးခြားသံဃ ဝိနိစ္ဆယအဖွဲ့အမှတ်(၁/၂၀၁၆)က “နေဝသုဒ္ဓ နာသုဒ္ဓ” ဆုံးဖြတ်ခဲ့မှုကို စောဒက၊ စုဒိတကတို့က အယူခံ မတက်သောကြောင့် လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ပါရန် ကျိုက်မရောမြို့နယ် သံဃနာယကအဖွဲ့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တင်ပြခဲ့မှုအပေါ် ၃-၅-၂၀၁၇ ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏စတုတ္ထအကြိမ် တတိယအစည်းအဝေးက “မြို့နယ်အဆင့် ပြီးငြိမ်းပြီးမှုခင်း”အဖြစ် ဆုံးဖြတ်ခဲ့ပါသည်။

          (စ)     နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၅-၅-၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်သံဃနာယကအဖွဲ့က မွန်ပြည်နယ်သာသနာရေးမှူး ရုံးသို့ အကြောင်းကြားခဲ့မှုအပေါ် ၆-၅-၂၀၁၇ ရက်နေ့တွင် ကျိုက်မရောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ကန့်ကွက်ရန်မရှိကြောင်း သဘောထားပြန်ကြားလာပြီး သာသနာရေးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ညွှန်ကြားချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

          (ဆ)    ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်မှုကို ဦးဇနိတ က လိုက်နာမှုမရှိသဖြင့် ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေဖြင့် ၇-၁၁-၂၀၁၇ ရက်နေ့တွင် ကျိုက်မရောမြို့နယ်တရားရုံး၌ ဦးဇနိတအား ပြစ်မှုဆိုင်ရာဥပဒေအမှတ်(၃၀၅/ ၂၀၁၇)ဖြင့် တရားစွဲဆိုခဲ့ပြီး ၄-၁၂-၂၀၁၇ ရက်နေ့တွင် အမှုစတင်လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

          (ဇ)     ၂၀-၁၂-၂၀၁၇ ရက်နေ့၊ ၁၂ ၃၀ အချိန်တွင် ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာမှ ၈၈ မျိုးဆက်ဝင် ၁ ဦး၊ စောဒက မလှယမင်းဦး၏ဖခင် ဦးငွေလှိုင်နှင့် မိခင်တို့သည် မွန်ပြည်နယ်သာသနာရေးမှူးရုံးသို့ ရောက်ရှိလာပြီး ဦးဇနိတကို သင်္ကန်းဝတ်ဖြင့် မမြင်ချင်ကြောင်း၊ နေဝသုဒ္ဓ နာသုဒ္ဓ ဆုံးဖြတ်ထားသောမှုခင်းကို ဓမ္မစက်ဖြင့် မရလျှင် အာဏာစက်ဖြင့် ဆောင်ရွက်ပေးရန်၊ ဆောင်ရွက်မပေးလျှင် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်သာသနာရေးမှူးအား အကြိမ်ကြိမ်ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။

          အဆိုပါကိစ္စများနှင့်ပတ်သက်၍ ဤဝန်ကြီးဌာနမှ ရှေးဦးစုံစမ်းရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

         

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန