Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 26, Monday - February 2018
ဘာသာ သာသနာအကျိုးအတွက် လှူဒါန်းထောက်ပံ့မှုများအား အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း

          လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်၌ “သာ/ဝန် ဦးအောင်ကို မွတ်စလင်သက်ကြီး ပူဇော်ဖို့ ငွေသိန်း ၅၀ သွားရောက်လှူဒါန်း”ခေါင်းစဉ်ဖြင့် ၂၃-၂-၂၀၁၈ ရက်နေ့တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် ဘာသာသာသနာအတွက် လှူဒါန်းထောက်ပံ့လျက် ရှိရာ ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အတွင်းရှိ စာသင်တိုက်၊ ကျောင်းတိုက်များသို့ အလှူငွေကျပ် ၄၀၃ သိန်းအားလည်းကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ ကျောင်းတိုက်နှင် စာသင်တိုက်များသို့ အလှူငွေကျပ်သိန်း ၁၈၀ အားလည်းကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ထာဝရဆေးပဒေသာပင်အတွက် အလှူငွေ ကျပ်သိန်း ၃၅၀ အား လည်းကောင်း၊ ရွှေတိဂုံစေတီတော် စေတိယင်္ဂဏနှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပူဇော်ပွဲအတွက် အလှူတော် ငွေကျပ်သိန်း ၅၀ အားလည်းကောင်း စုစုပေါင်း အလှူငွေကျပ် ၉၈၃ သိန်း ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

          ထို့အပြင် အခြားဘာသာများဖြစ်သော သနန္တနဓမ္မပါလက (ဟိန္ဒူ)ဖောင်ဒေးရှင်းအဖွဲ့၊ ဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့၊ မေရီချက်(ပ်)မင်း နားမကြားကလေးများသင်တန်းကျောင်းနှင့် မွတ်စလင် သက်ကြီးဂေယာတို့သို့ အလှူတော်ငွေကျပ်သိန်း ၅၀ စီဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၂၀၀ လှူဒါန်းခဲ့ပါသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃ တို့အရ လိုက်နာဆောင်ရွက်လျက်ရှိပြီး ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ ကူညီထောက်ပံ့ဆောင်ရွက် ပေးသကဲ့သို့ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်း ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန