၇-၃-၂၀၁၈ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးသည် သာသနာရေးရာနှင့်ဝိနိစ္ဆယဌာနခွဲ၊ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ပါဠိတက္ကသိုလ်အောင်မင်္ဂလာစာသင်တိုက်၊ ဘဒ္ဒန္တကုဏ္ဍလ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်) ဆရာတော်နှင့် ၈-၃-၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဘဒ္ဒန္တသောဘိတ(အဘိဓဇမဟာရဋ္ဌဂုရု)ဆရာတော်တို့ကို ဖူးမြော် ကြည်ညို သြဝါဒခံယူကာ ဆွမ်းပဒေသာအတွက် ကျောင်းတိုက်တစ်တိုက်လျှင် ငွေကျပ် သိန်း ၃၀ စီ လှူဒါန်းခဲ့ရာ ကျောင်းတိုက်အကျိုးတော်ဆောင်အဖွဲ့က လက်ခံခဲ့ပါသည်။
သာသနာရေးဦးစီးဌာန