Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 28, Wednesday - March 2018
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မွန်ပြည်နယ်၊ ပေါင်မြို့၊ ကျိုက်ပေါင်းစေတီတော် ထီးတော်တင်လှူပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် ဓမ္မာစရိယစာမေးပွဲ စာဖြေသံဃာများအား ဖူးမြော်ကြည်ညို

            ကျိုက်ပေါင်းဆံတော်ရှင်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဘုံ ၃ ဆင့် ရွှေထီးတော်တင်လှူခြင်းနှင့် လုံးတော်ပြည့် ရွှေရောင်စတီးကပ်လှူပူဇော်ခြင်း အခမ်းအနားကို ၂၄-၃-၂၀၁၈ ရက်နေ့၊ ၀၉ ၀၀ အချိန်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်းရပ်ကွက်ရှိ ကျိုက်ပေါင်းဆံတော်ရှင် စေတီတော်မြတ်ကြီး၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တက်ရောက်ကြည်ညိုသည်။

            ဆက်လက်၍ အခမ်းအနားတွင် မွန်ပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ အဘယသုတရာမစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသန ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ပရိသတ်များက ကိုးပါး သီလ ခံယူဆောက်တည်ကြပါသည်။

                ယင်းနောက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်သံဃနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ ဘုရားကြီးကျောင်းတိုက်၏ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသမှ ဩဝါဒကထာကို မြွက်ကြားချီးမြှင့်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားပါသည်။

ထို့နောက် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထီးဆောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနာဂိန္ဒထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။

            ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ သံဃာတော် ၁၀၈ ပါးတို့အားသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာထိန်လင်း၊သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ထမ်းများ၊ ဧည့်ပရိသတ်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများကို သဒ္ဓါကြည်ဖြူစွာဖြင့် လောင်းလှူပူဇော်ခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပေါင်မြို့၊ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသထံသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပါသည်။ ဆက်လက်၍ ပေါင်မြို့မှ မော်လမြိုင်မြို့သို့ ထွက်ခွာပြီး မော်လမြိုင်မြို့၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီး၌ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညို၍ စာဖြေဌာနအတွက် အလှူငွေ ကျပ် ၁၀ သိန်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

            ထို့နောက် ၁၅ ၄၅ အချိန်တွင် မုဒုံမြို့၊ ကျောက်တလုံးကျေးရွာ၊ ဝင်းစိန်တောရသို့ ရောက်ရှိပြီး ဝင်းစိန်ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ် တော်အား ဖူးမြော်ကန်တော့ပြီး မုဒုံမြို့၊ လက်တက်ကျေးရွာ၊ မုဒုံမြို့၊ လက်တက်ကျေးရွာ၊ ခပ်ရခပ်လူ ထိုင်တော်မူရုပ်ပွားတော်ကြီးသို့ ၁၆ ၁၅ အချိန်တွင် ရောက်ရှိ၍ ရုပ်ပွားတော်ကြီးအား ဖူးမြော်ကန်တော့ခဲ့ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန