Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 28, Wednesday - March 2018
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ၊ ခတ်ရခတ်ယူတောရကျောင်းတွင် ကျေးဇူးရှင် ဝင်းစိန်ဆရာတော်ဘုရားကြီး ဦးစီး၍ တည်ဆောက်ပေးခဲ့သော အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူ ဗုဒ္ဓသာသနာရုပ်ပွားတော်မြတ်ကြီး ဥဏ္ဏလုံမွေးရှင်တော် ဆက်ကပ်တင်လှူပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို

            ၂၅-၃-၂၀၁၈ ရက်နေ့၊ နံနက် ၀၉ ၀၀ အချိန်တွင် ကျေးဇူးရှင် ဝင်းစိန်ဆရာတော်ဘုရားကြီး ဦးစီး၍ တည်ဆောက်ပေးခဲ့သော အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူဗုဒ္ဓသာသနာရုပ်ပွားတော်မြတ်ကြီး ဥဏ္ဏလုံမွေးရှင်တော် ဆက်ကပ်တင်လှူပူဇော်ပွဲအခမ်းအနားကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ လက်တက် ကျေးရွာ၊ ခတ်ရခတ်ယူတောရကျောင်း၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါဝင်သောအဖွဲ့မှ တက်ရောက်ကြည်ညို ကြပါသည်။

                ဆက်လက်၍ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဂျုံးဂျုံးကျတောရကျောင်းတိုက်၏ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏ ထံမှ ပြည်ထောင်စု ဝန်ကြီးနှင့် ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေမှ သာသနာပြုလုပ်ငန်းများ ရှင်းလင်းလျှောက်ထား၍ အခမ်းအနားမှူးမှ ဗုဒ္ဓပူဇာဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် သဘင်ပညာရှင်မင်းသားမန္တလေးသိန်းဇော်မှ ဝင်းစိန် တောရမဟာထေရပူဇာဖြင့် သီကျူးပူဇော်ခဲ့သည်။

၎င်းနောက် မုဒုံမြို့၊ ဝင်းစိန်တောရကျောင်းတိုက်ရှိ အတောင် ၆၀၀ လျောင်းတော်မူ ရုပ်ပွားတော် အတွက် အလှူတော်ငွေကျပ်သိန်း ၆၀၀ အား မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ်တောင်တန်းဒေသ သာသနာ့နုဂ္ဂဟအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က ဆက်ကပ်လှူဒါန်းရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူခဲ့သည်။

            ယင်းနောက် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ ဂျုံးဂျုံးကျတောရကျောင်းတိုက်၏ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏ ထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အမြင့် ၁၀၈ ပေရှိ ထိုင်တော်မူဗုဒ္ဓသာသနာရုပ်ပွားတော်မြတ်ကြီး ဥဏ္ဏလုံမွေးရှင်တော်အား ပန်းရထားဖြင့် ပင့်ဆောင်ပူဇော် ခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန