Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 28, Wednesday - March 2018
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုဓမ္မာစရိယဗဟိုအဖွဲ့ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး စာမေးပွဲမေးခွန်းပုစ္ဆာက လုပ်ငန်းအထောက်အကူပြုဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

            ၂၆-၃-၂၀၁၈ ရက်နေ့ ၀၈ ၀၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူ များသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ သုံးထပ်ဆွမ်းစားဆောင်လျှို့ဝှက်မေးခွန်းထုတ်ခန်းမ၌ အစိုးဓမ္မာစရိယစာမေးပွဲ ပညာရေးဗဟိုအဖွဲ့နှင့် ပါဠိပထမပြန် စာမေးပွဲ ပညာရေးဗဟိုအဖွဲ့ ဆရာတော်များအား သွားရောက်ဖူးမြော်၍ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီးစာမေးပွဲလျှို့ဝှက်မေးခွန်းထုတ်ခန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

            ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ဓမ္မာစရိယစာမေးပွဲ ပညာရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဉာဏိကာဘိဝံသ အမှူးရှိသော ဆရာတော် ၁၅ ပါးနှင့် ပါဠိပထမပြန်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသုန္ဒရ အမှူး ရှိသော ဆရာတော် ၁၇ ပါးတို့အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီးဆရာတော်ကြီး ၃၂ ပါးအတွက် နဝကမ္မအလှူငွေ တစ်ပါးလျှင် ၃ သိန်းကျပ်စီဖြင့် စုစုပေါင်း အလှူ တော်ငွေ ၉၆ သိန်းကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

            ယင်းနောက် စာမေးပွဲပုစ္ဆာက အထောက်အကူပြုဝန်ထမ်း ၄၈ ဦးအား တစ်ဦးလျှင် ၁ သိန်းကျပ်စီဖြင့် ငွေကျပ် ၄၈ သိန်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန