Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 15, Friday - June 2018
၂၀၁၈ ခုနှစ် ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းအား အများပြည်သူသိရှိနိုင်စေရန် အသိပေးဖော်ပြခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၇၉(၂၀၁၈) ခုနှစ်အတွက် ဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာ ဓမ္မာစရိယသုံးကျမ်း ၉၃၇ ပါး၊နှစ်ကျမ်း ၉၄၄ ပါး၊ တစ်ကျမ်း ၁၀၄၅ ပါး၊ ပါဠိဂုဏ်ထူး ၁ ပါး၊ မြန်မာဂုဏ်ထူး ၅ ပါး အောင်မြင် ခဲ့ပါသည်။

            စုစုပေါင်း ဖြေဆိုသူ ၂၂၇၆၆ ပါးအနက် အောင်မြင်သူ ၂၉၃၂ ပါးဖြစ်၍ ၁၂.၈၈ ရာခိုင်နှုန်း အောင်မြင်ကြပါသည်။

          ၁၃၇၉(၂၀၁၈)ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် သုံးကျမ်းပြီး အောင်မြင်ကြသော သံဃာတော်များနှင့်သာသနာ့နွယ်ဝင် သီလရှင်များအနက် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင် ပထမ ရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-

စဉ်

ဂုဏ်ထူး

ခုံအမှတ်

ဘွဲ့

ကျောင်းတိုက်နှင့်တည်နေရာ

၁။

ပထမ

(အဂ္ဂမဟာအကျော်)

ဎက/၃၈၅

ဦးအဂ္ဂ

တိပိဋကထိန်လင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

၂။

ဒုတိယ

ကန/၂၂၄၆

ဦးပညာဝံသာလင်္ကာရ

မဟာဝိသုဒ္ဓါရုံရွှေကျင်တိုက်သစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၃။

တတိယ

ကန/၂၀၇၈

ဦးဝိသုဒ္ဓ

အလယ်တောရစံပြစာသင်တိုက်၊

ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

၄။

သီလရှင် ပထမ

ရ/၂၂၉

မခေမာဝတီ

ဓမ္မာရုံသီလရှင်စာသင်တိုက်၊ တောင်ငူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး

          ၁၃၇၉(၂၀၁၈)ခုနှစ် ဓမ္မာစရိယစာမေးပွဲအောင်စာရင်းများကို နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ရုံးများတွင်လည်းကောင်း၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သာသနာရေးမှူး ရုံးများတွင်လည်းကောင်း သက်ဆိုင်ရာစာဖြေဌာနများရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံးများနှင့် မြို့နယ် သာသနာရေးမှူးရုံးများတွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

          ၁၃၇၉(၂၀၁၈)ခုနှစ် ဓမ္မာစရိယစာမေးပွဲအောင်စာရင်းများကိုနိုင်ငံတော်သံဃမဟာနယကအဖွဲ့ Website www. mahana.org.mm၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနWebsite www. mora. gov.mmနှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mmတို့တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်ပါကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေးဖော်ပြအပ်ပါသည်။

         ၂၀၁၈ ခုနှစ် ဓမ္မာစရိယစာမေးပွဲ အောင်စာရင်းများအား PDF File ဖြင့် ဖော်ပြအပ်ပါသည်။