Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 17, Sunday - June 2018
၂၀၁၈ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းအား အများပြည်သူသိရှိနိုင်စေရန် အသိပေးဖော်ပြခြင်း

၂၀၁၈ ခုနှစ် ပါဠိပထမပြန်စာမေးပွဲအောင်စာရင်းအား အများပြည်သူသိရှိနိုင်စေရန် အသိပေးဖော်ပြခြင်း

            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကျင်းပပြီးစီးခဲ့သော ၁၃၇၉(၂၀၁၈)ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ ၁၀၂၃၆ ပါး/ဦး အနက် ၃၈၁၇ ပါး/ဦး အောင်မြင်၍ ၃၈.၂၉ ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင် ဖြေဆိုသူ ၁၀၁၄၂ ပါး/ဦးအနက် ၄၉၇၉ ပါး/ဦး အောင်မြင်၍ ၄၉.၀၉ ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင် ဖြေဆိုသူ ၁၁၂၆၉ ပါး/ဦး အနက် ၅၄၆၃ ပါး/ဦး အောင်မြင်၍ ၄၈.၄၈ ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင် ဖြေဆိုသူ ၁၆၁၄၉ ပါး/ဦးအနက် ၉၉၀၀ ပါး/ဦး အောင်မြင်၍ ၆၁.၃၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပါသည်။

          ၁၃၇၉(၂၀၁၈)ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ကြသော သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များအနက် ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမ ရရှိခဲ့ကြသော အထူးအောင် ပုဂ္ဂိုလ်များမှာအောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-

          ပထမကြီးတန်း

စဉ်

ဂုဏ်ထူး

ခုံအမှတ်

ဘွဲ့

 

၁။

ပထမ

(ပထမကျော်ဘွဲ့ရ)

စက/၇၇

ဦးသာဂရဉာဏာလင်္ကာရ

 

၂။

ဒုတိယ

စက/ ၆၈

ဦးဆေကိန္ဒာလင်္ကာရ

ကျောင်းတိုက်နှင့်တည်နေရာ

၃။

တတိယ

ဗဟ/၁၄

အရှင်ပညာတိက္ခာလင်္ကာရ

မြစကြာကျောင်းတိုက်၊

စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

၄။

သီလရှင် ပထမ

စက/ ၆၉၉

မစန္ဒာသိင်္ဂီ

သမိဒ္ဓေါဒယကျောင်း၊

စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

         


 

ပထမလတ်တန်း

စဉ်

ဂုဏ်ထူး

ခုံအမှတ်

ဘွဲ့

ကျောင်းတိုက်နှင့်တည်နေရာ

၁။

ပထမ

 

စက/၂၀

ဦးဂုဏတေဇာလင်္ကာရ

မြစကြာကျောင်းတိုက်၊

စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

၂။

ဒုတိယ

စိန် /၁၇

ရှင်နန္ဒိယာလင်္ကာရ

ရွာမပရိယတ္တိစာသင်တိုက်၊

အင်းစိန်မြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး

၃။

တတိယ

မဟမ/၁၆၁

ရှင်ပညာဝံသာလင်္ကာရ

စည်ရှင်ကျောင်း၊ မဟာဝိသုဒ္ဓါရုံ တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

၄။

သီလရှင်

ပထမ

အမဇ/၂၀၅

မစန္ဒာသိရီ

ဇိနောဒယသီလရှင်စာသင်တိုက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

 

ပထမငယ်တန်း

စဉ်

ဂုဏ်ထူး

ခုံအမှတ်

ဘွဲ့

ကျောင်းတိုက်နှင့်တည်နေရာ

၁။

ပထမ

 

မုံ/၃၆၃

ရှင်ပညိန္ဒ

မဟာဇောတိကာရာမ ကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

၂။

ဒုတိယ

စိန်/၂

ဦးသီလာစာရ

ရွာမပရိယတ္တိစာသင်တိုက်၊

အင်းစိန်မြို့နယ်၊

ရန်ကုန်တိုင်းဒေသကြီး

၃။

တတိယ

ပခ/၆၂

ဉူးဇာနိဿရ

သာသနာ့မဏ္ဍိုင်

ပါဠိတက္ကသိုလ်ကျောင်းတိုက်၊

ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီး

၄။

သီလရှင်

ပထမ

စက/၃၁၈

မထေရာစာရီ

သမိဒ္ဓေါဒယကျောင်း၊

စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး

 

အခြေပြုမူလတန်း

စဉ်

ဂုဏ်ထူး

ခုံအမှတ်

ဘွဲ့

ကျောင်းတိုက်နှင့်တည်နေရာ

၁။

ပထမ

 

မုံ/၁၁၅

ရှင်သိရီဓမ္မ

သာသနာ့ရောင်ခြည် ကျောင်းတိုက်၊  မုံရွာမြို့၊

စစ်ကိုင်းတိုင်းဒေသကြီး

၂။

ဒုတိယ

မဟမ/၃၀၉

ရှင်ပညာဘောဂ

ဓမ္မဝိနယရံသီကျောင်း၊ မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး

၃။

တတိယ

စက/၁၂၉

ရှင်ပဏ္ဍိတ

မဟာခိုနန်းကျောင်း၊ စစ်ကိုင်းမြို့၊

စစ်ကိုင်းတိုင်းဒေသကြီး

၄။

သီလရှင်

ပထမ

မြစ်/၄၈

မဣန္ဒစာရီ

ပိန္နဲကုန်းကျောင်းတိုက်၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်

 

၁၃၇၉(၂၀၁၈)ခုနှစ် ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းများကို နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်သံဃနာယကအဖွဲ့ရုံးများတွင်လည်းကောင်း၊ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ် သာသနာရေးမှူးရုံးများတွင်လည်းကောင်း သက်ဆိုင်ရာစာဖြေဌာနများရှိ မြို့နယ်သံဃနာယကအဖွဲ့ရုံး များနှင့် မြို့နယ်သာသနာရေးမှူးရုံးများတွင်လည်းကောင်း ကြည့်ရှုနိုင်ပါသည်။

၁၃၇၉(၂၀၁၈)ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းများကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www. mahana.org.mm၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www. mora gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။