Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 03, Tuesday - July 2018
ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း

          လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်၌ Naymin Thu ၊  အရှင်အဂ္ဂဉာဏ၊ ဆာရဲရင့်၊ မော်မော် Account များဖြင့် –ရွှေတိဂုံစေတီတော်ကို ရွှေပြားခွာပြီး အပေါက်ဖောက်မည်ဖြစ်သည်၊ စေတီတော်ကြီးကို လွန်ဖြင့် ထိုးဖောက်တုန်ခါစေခြင်းသည် ငလျင်ထက် ပိုမိုပြင်းထန်သော ထိခိုက်မှုကို ဖြစ်စေကာ အက်ကြောင်းများ ဖြစ်စေနိုင်သည်၊ ရွှေပြားများ ခွာခြင်းနှင့် အပေါက်ဖြစ်စေခြင်းသည်လည်း ဟန်ချက်ညီထိန်းထားမှုကို ဂဟေစက်ပျက်စေမည်ဖြစ်သည်—ဟု ၁-၇-၂၀၁၈ ရက်နေ့တွင် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

            ၂၄-၆-၂၀၁၈ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ ဦးဆောင် ကျင်းပသော ရွှေတိဂုံစေတီတော်နှင့် သိင်္ဂုတ္တရကုန်းမြေ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများနှင့်ပတ်သက်၍ –၂၀၁၈-၁၉ ခုနှစ် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်သည့်ကာလတွင် ကိုယ်လုံးတော်ကြံ့ခိုင်ရေးလုပ်ငန်းများ စစ်ဆေး ဆောင်ရွက်ရန်—ဟု ဆုံးဖြတ်ခဲ့ပါသည်။

          ၂၀၁၈-၁၉ ခုနှစ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ကပ်လှူရာတွင် အောက်ဖော်ပြပါနည်းလမ်းများကို အသုံးပြု၍ စေတီတော်ကြီး၏ ကိုယ်လုံးတော်ကြံ့ခိုင်ရေးအား စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

(က)    X Ray နည်း (ဓာတ်ရောင်ခြည်ဖြင့် တိုင်းတာနည်း)

(ခ)     Seismic Field(Wave) နည်း (အသံလှိုင်းဖြင့် တိုင်းတာနည်း)

(ဂ)     Induced Polarization နည်း (လျှပ်စစ်သံလိုက်ဖြင့် တိုင်းတာနည်း)

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပညာရှင်များ၏ အကြံပြုချက်များ၌ စေတီတော်ကြီး၏ကိုယ်လုံးတော်အား ထွင်းဖောက်တိုင်းတာခြင်း ပြုလုပ်ရန် အစီအစဉ်မရှိပါကြောင်းနှင့် မဟုတ်မမှန် ကောလာဟလသတင်း ထုတ်လွှင့်ဖော်ပြမှုများအား သတိပြု နိုင်ပါရန် အသိပေးရှင်းလင်းဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန