၁၄-၇-၂၀၁၈ ရက်နေ့၊ ၀၈ ၀၀ အချိန်တွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး အလှူရှင်မိသားစုက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာအုပ်စု၊ ညွန့်ပင် ကျေးရွာ၊ မဟာသန္တိသုခသဒ္ဓမ္မဝံသရွာဦးကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသုန္ဒရ (မြို့နယ်ဝိနည်းဓိုရ်၊ သံရွာအုပ်စုရပ်ကျေးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ) ဆရာတော်၏ပုနောပသမ္ပဒါကံထပ်မင်္ဂလာ၊ ဝါဆိုသင်္ကန်းကပ် အလှူတော်နှင့် ဆရာတော်ကြီး၏ သက်တော် ၇၈ နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဆရာတော် ကြီးထံ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခြင်း၊ ကြွရောက်လာသော ဆရာတော်သံဃာ တော်မျာအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်ကြီးများထံမှ သြဝါဒများ ခံယူခဲ့ခြင်းနှင့် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကာ ဆရာတော်ကြီး များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
သာသနာရေးဦးစီးဌာန