၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက (၂၆)ကြိမ်မြောက်နိကာယ်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာဖြေဌာန ၇၄ ဌာနတို့တွင် ၄-၆-၂၀၁၈ ရက်နေ့မှ ၈-၆-၂၀၁၈ ရက်နေ့ထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
၂။ (၂၆)ကြိမ်မြောက်နိကာယ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်း ၁၄၆၅၉ ပါး ရှိပြီး ဖြေဆို ၁၀၅၄၉ ပါး ဖြစ်၍ ကျမ်းစဉ်အလိုက် အောင်မြင်သူ ၅၆၇၁ ပါး ဖြစ်ရာ ၅၃.၇၆ ရာခိုင်နှုန်း အောင်မြင် ကြပါသည်။
၃။ အုပ်စု(၁) ခုဒ္ဒကနိကာယ(ဝိနယပိဋက) ဝိနည်းငါးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် ၁၄၄၂ ပါး၊ လေးကျမ်းအောင် ၇၀၅ ပါး၊ သုံးကျမ်းအောင် ၈၂၅ ပါး၊ နှစ်ကျမ်းအောင် ၆၉၇ ပါး၊ တစ်ကျမ်း အောင် ၇၄၉ ပါးတို့ ဖြစ်ကြပါသည်။ ဝိနည်းငါးကျမ်းအောင် ၁၄၂၄ ပါးတို့အနက် ပထမ၊ ဒုတိယ၊ တတိယ၊သီလရှင်ပထမ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-
(က) ခုံအမှတ်၊ မှော် ၄၇၈၊ အရှင်ဉေယျဓမ္မ၊ အသက် ၃၅ နှစ်၊ (ဘ)ဦးတင်မောင်၊ ဓာတုမယ ကျောင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(ပထမ)
(ခ) ခုံအမှတ်၊ ပူရ ၁၂၊ အရှင်အာဒိစ္စဝံသ၊ အသက် ၂၆ နှစ်၊ (ဘ) ဦးလှညွှန့်၊ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ အမရပူရမြို့၊ မန္တလေးတိုင်းဒေသကြီး(ဒုတိယ)
(ဂ) ခုံအမှတ်၊ မဟမ ၂၆၉၊ ရှင်ပညာဇောတ၊ အသက် ၁၉ နှစ်၊ (ဘ)ဦးတင်ဝင်း၊ စည်ရှင်ကျောင်း၊
မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး(တတိယ)
(ဃ) ခုံအမှတ်၊ မ/ဥ ၅၁၊ မကုမ္မာရီ၊ အသက် ၃၅ နှစ်၊ (ဘ)ဦးဘသန်း၊ ဇေယျာသိင်္ဂီကျောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(သီလရှင် ပထမ)
၄။ အုပ်စု(၂) ဒီဃနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၁၃၉ ပါး၊ နှစ်ကျမ်းအောင် ၁၇၃ ပါး၊ တစ်ကျမ်းအောင် ၈၇ ပါးတို့ ဖြစ်ကြပါသည်။ ဒီဃနိကာယ သုံးကျမ်းအောင် ၁၃၉ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယ ရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-
(က) ခုံအမှတ်၊ မဟမ ၆၊ ဥုးသုန္ဒရာလင်္ကာရ၊ အသက် ၂၁ နှစ်၊ (ဘ) ဦးမြင့်ကောင်း၊ ဇယမေဒနီ ဝါဆိုကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး (ပထမ)
(ခ) ခုံအမှတ်၊ မုံ ၁၂၊ အရှင်ဝိစက္ခဏာလင်္ကာရ၊ အသက် ၃၄ နှစ်၊ (ဘ)ဦးကျော်ညွှန့်၊ တိပိဋက ဓမ္မပါလကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး(ဒုတိယ)
(ဂ) ခုံအမှတ်၊ မင်္ဂလာ ၇၊ အရှင်အမတာနန္ဒ၊ အသက် ၂၃ နှစ်၊ (ဘ)ဦးမြသန်း၊ တိပိဋက ရွှေပါရမီကျောင်း၊ မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး(တတိယ)
၅။ အုပ်စု ၃ မဇ္စျိမနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်း အောင် ၂၄ ပါး၊ နှစ်ကျမ်းအောင် ၃၇ ပါး၊ တစ်ကျမ်းအောင် ၁၉ပါးတို့ ဖြစ်ကြပါသည်။ မဇ္စျိမနိကာယ် သုံးကျမ်းအောင် ၂၄ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-
(က) ခုံအမှတ်၊ ဗလ ၃၊ အရှင်စန္ဒောဘာသာလင်္ကာရ၊ အသက် ၂၉နှစ်၊ (ဘ)ဦးအောင်ကြည်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(ပထမ)
(ခ) ခုံအမှတ်၊ မုံ ၄၊ အရှင်သီလာစာရာလင်္ကာရ၊ အသက် ၂၂ နှစ်၊ (ဘ)ဦးမြင့်မော်၊ သဒ္ဓမ္ဓ ပဇ္ဇောတာရုံကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး (ဒုတိယ)
(ဂ) ခုံအမှတ်၊ စိန် ၃၊ အရှင်စန္ဒောဘာသာလင်္ကာရ၊ အသက် ၂၆ နှစ်၊ (ဘ)ဦးမြင့်နွယ်၊ ရွှေပြည်သာပရိယတ္တိစာသင်တိုက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(တတိယ)
၆။ အုပ်စု(၄) သံယုတ္တနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၁၆ ပါး၊ နှစ်ကျမ်အောင် ၁၀ ပါး၊ တစ်ကျမ်းအောင် ၁၀ ပါးတို့ ဖြစ်ကြပါသည်။ သံယုတ္တနိကာယ် သုံးကျမ်းအောင် ၁၆ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-
(က) ခုံအမှတ်၊ စိန် ၃၊ အရှင်ဥတ္တမာလင်္ကာရ၊ အသက် ၂၅ နှစ်၊ (ဘ)ဦးအုန်းမောင်၊ ရွာမ ပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(ပထမ)
(ခ) ခုံအမှတ်၊ စက ၂၊ အရှင်ဂုဏတေဇာလင်္ကာရ၊ အသက် ၂၁ နှစ်၊ (ဘ)ဦးအောင်ရှိန်၊ မြစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး (ဒုတိယ)
(ဂ) ခုံအမှတ်၊ ဗဟ ၇၊ အရှင်ဉာဏုတ္တရာလင်္ကာရ၊ အသက် ၂၈ နှစ်၊ (ဘ)ဦးမန်းရင်၊ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(တတိယ)
၇။ အုပ်စု (၅) အင်္ဂုတ္တရနိကာယ(သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်း အောင် ၂၇၉ ပါး၊ နှစ်ကျမ်းအောင် ၁၄၆ ပါး၊ တစ်ကျမ်းအောင် ၁၂၆ ပါးတို့ ဖြစ်ကြပါသည်။ အင်္ဂုတ္တရ နိကာယသုံးကျမ်းအောင် ၂၇၉ ပါး၊ ပထမ၊ ဒုတိယ၊ တတိယ၊ သီလရှင် ပထမ ရရှိသော အထူးအောင် ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-
(က) ခုံအမှတ်၊ မင်္ဂလာ ၄၊ အရှင်ပညာဝရာလင်္ကာရ၊ အသက် ၃၀ နှစ်၊(ဘ)ဦးခင်မောင်တင့်၊ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(ပထမ)
(ခ) ခုံအမှတ်၊ စိန် ၃၈၊ အရှင်ဝဏ္ဏိဿရာလင်္ကာရ၊ အသက် ၂၂ နှစ်၊(ဘ)ဦးမောင်ထွေးဖြူ၊ ရတနာပန်းကုံးကျောင်းတိုက်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(ဒုတိယ)
(ဂ) ခုံအမှတ်၊ ပူရ ၄၊ အရှင်ဥက္ကဋ္ဌာလင်္ကာရ၊ အသက် ၂၃ နှစ်၊ (ဘ)ဦးကျော်ဝင်း၊ မဟာဂန္ဓာရုံကျောင်းတိုက်၊ အမရပူရမြို့၊ မန္တလေးတိုင်းဒေသကြီး(တတိယ)
(ဃ) အင်္ဂုတ္တရနိကာယ်သုံးကျမ်းအောင် သီလရှင်များအနက် ခုံအမှတ်၊ တက ၃၂၊ မဉာဏေသီ၊ အသက်၂၈နှစ်၊ (ဘ) ဦးအောင်ကြည်၊ မြသပိတ်သာမဏေကျော်စာသင်တိုက်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ် (သီလရှင် ပထမ)
၈။ အုပ်စု (၆) ခုဒ္ဒကနိကာယ(၁) (သုတ္တန္တပိဋက) ငါးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် ၁ ပါး၊ သုံးကျမ်းအောင် ၁ ပါးတို့ ဖြစ်ကြပါသည်။
၉။ အုပ်စု(၇) ခုဒ္ဒကနိကာယ (၂)(သုတ္တန္တပိဋက) ငါးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် လေးကျမ်းအောင် ၂ ပါး၊ နှစ်ကျမ်းအောင် ၁ ပါးတို့ ဖြစ်ကြပါသည်။
၁၀။ အုပ်စု(၈) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက)(ပထမပိုင်း) နှစ်ကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင် ၉၄ ပါး၊ တစ်ကျမ်းအောင် ၈၆ ပါး တို့ဖြစ်ကြပါသည်။ အဘိဓမ္မပိဋက (အဘိဓမ္မာပထမပိုင်း) နှစ်ကျမ်းအောင် ၉၄ ပါးအနက် ပထမ၊ ဒုတိယ၊ တတိယရရှိသော ပုဂ္ဂိုလ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ကြပါသည်-
(က) ခုံအမှတ်၊ ဗဟ ၇၊ အရှင်သုမနာလင်္ကာရ၊ အသက် ၂၁ နှစ်၊ (ဘ)ဦးဖိုးထူး၊ မဟာ ဝိသုဒ္ဓါရုံကျောင်းတိုက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ပထမ)
(ခ) ခုံအမှတ်၊ စိန် ၅၊ အရှင်ခန္တီစာရာလင်္ကာရ၊ အသက် ၂၁ နှစ်၊ (ဘ) ဦးအောင်ချိန်၊ ရွာမ ပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး (ဒုတိယ)
(ဂ) ခုံအမှတ်၊ မရ ၁၅၊ အရှင်ဇောတလ၊ အသက် ၂၄ နှစ်၊ (ဘ)ဦးကုလား၊ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး(တတိယ)
၁၁။ အုပ်စု (၉) ခုဒ္ဒကနိကာယ(အဘိဓမ္မပိဋက) (ဒုတိယပိုင်း) လေးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် လေးကျမ်းအောင် ၁ ပါး၊ သုံးကျမ်းအောင် ၂ ပါး၊ နှစ်ကျမ်းအောင် ၂ ပါး၊ တစ်ကျမ်းအောင် ၁ ပါးတို့ ဖြစ်ကြပါသည်။
၁၂။ မဟာဝိဒူတန်း အုပ်စု(၁) ခုဒ္ဒကနိကာယ (ဝိနယပိဋက) ဝိနည်းအဋ္ဌကထာ သုံးကျမ်းဖြေဆို ကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၄ ပါး၊ နှစ်ကျမ်းအောင် ၁ ပါး၊ တစ်ကျမ်းအောင် ၄ ပါးတို့ ဖြစ်ကြပါသည်။