Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 29, Sunday - July 2018
Facebook အကောင့်များမှ –(မဟန)အဖွဲ့ပျက်ရတော့မည်—ဟုမဟုတ်မမှန် ရေးသားဖော်ပြခြင်းအား အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းတင်ပြခြင်း

Facebook စာမျက်နှာ Ashin Su Citta အကောင့်မှ –ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့ ဖွဲ့ပြီးပါပြီ၊ (မဟန)အဖွဲ့သည် ဘာသာပေါင်းစုံညီညွတ်ရေး အသင်းကြီးရှိသည့်အတွက် နောင်တစ်နှစ်အကြာလောက်မှာ အဖျက်ခံရမှာပါ— ဟု မဟုတ်မမှန်ရေးသားဖော်ပြခဲ့ပါသည်။

            ဘာသာပေါင်းစုံ ညီညွတ်ရေးအဖွဲ့(မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၆၁၊ ၃၆၂၊ ၃၆၃) နှင့်အညီ ဘာသာဝင်အချင်းချင်း ချစ်ကြည်ရေး၊ ပဋိပက္ခမဖြစ်ပွားရေး၊ ဖြစ်ပေါ်လာသည့် ပြဿနာများကို ငြိမ်းချမ်းစွာအတူတကွ ဖြေရှင်းဆောင်ရွက်ရေး၊ ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့ရချိန်တွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းထောက်ပံ့ပေးရေး အစရှိသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

         ၁၉၈၀ ပြည့်နှစ် ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီးက စတင်ဖွဲ့စည်းပေါ်ပေါက်လာသည့်  နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် သံဃာအဖွဲ့အစည်းအဆင့်ဆင့်တို့သည်သံဃာအရေးအရာကိစ္စများကို မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှု၍ လိုအပ်သော သြဝါဒ၊ ညွှန်ကြားလွှာ ညွှန်ကြားချက်များ ထုတ်ပြန်ရသည့် အဖွဲ့အစည်းများဖြစ်သည်နှင့်အညီ  စတင်ပေါ်ပေါက်ချိန်မှ နောင်အနာဂတ် ကာလများစွာ တည်တံ့နေမည့်သံဃာအဖွဲ့အစည်းများ ဖြစ်ပါသည်။

            ထို့အပြင် Ko Naing Oo အကောင့်မှ ပါသာဏလိုဏ်ဂူနဲ့ ကမ္ဘာအေးကုန်းမြေဟာ အစ္စလာမ္မစ်တွေရဲ့စစ်စခန်းစစ်ဌာနချုပ်ဖြစ်သွားပြီ— အစရှိသော မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြခဲ့ပါသည်။

            ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူ၊ နိုင်ငံတော်သံဃာ့မဟာနာယက ကျောင်းဆောင်များသည် သမိုင်းဝင် သာသနိကအဆောက်အဦများဖြစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် ထေရဝါဒ သံဃာတော်များက အထွဋ်အမြတ်ထားရာ နေရာဒေသများဖြစ်သည့်အားလျော်စွာဘာသာ၊ သာသနာအတွက် အရှည်တည်တံခိုင်မြဲအောင် စောင့်ရှောက်ကာကွယ်လျက်ရှိပါသည်။

            Facebook စာမျက်နှာအကောင့်အမျိုးမျိုးမှ နိုင်ငံမငြိမ်မသက်ဖြစ်အောင် တည်ငြိမ်မှု ပျက်ပြားအောင်၊ အာဏာကိုဖြတ်လမ်းနည်းနှင့်ရယူလိုသူအစုအဖွဲ့များက ဘာသာရေးကို ခုတုံးလုပ်၍ နိုင်ငံရေးအောက်လမ်း နည်းများဖြင့်  မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခြင်းအား အသိ၊ သတိဖြင့် ဆင်ခြင်သုံးသပ်နိုင်ရန် အသိပေး ရှင်းလင်းဖော်ပြအပ်ပါသည်။       

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန