Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 07, Tuesday - August 2018
အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း

လူမှုကွန်ရက်အင်တာနက် Facebook စာမျက်နှာပေါ်၌ Thu Ya Kyaw အမည် Account မှ သာသနာရေးဝန်ကြီး ဦးအောင်ကိုနဲ့ ဘာသာပေါင်းစုံအဖွဲ့ဝင်တွေ တွေ့ဆုံပွဲမှာ ဝန်ကြီးသူရဦးအောင်ကိုမှ ပြောကြားခဲ့—ဟူသည့်ခေါင်းစဉ်ဖြင့် ၇-၈-၂၀၁၈ ရက်နေ့တွင် မဟုတ်မမှန်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ၅-၈-၂၀၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမျိုးသားပြတိုက်၌ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)နှင့်တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုနှင့်ပတ်သက်၍ နိုင်ငံပိုင်နေ့စဉ်ထုတ် သတင်းစာများဖြစ်သည့် ၆-၈-၂၀၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၄ တွင် လည်းကောင်း၊ ကြေးမုံသတင်းစာ စာမျက်နှာ ၅ တွင်လည်းကောင်း အများပြည်သူ သိရှိနိုင်စေရန် အတွက် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

          သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက် Facebook စာမျက်နှာပေါ်၌ Thu Ya Kyaw အမည် Account မှ အများပြည်သူအား ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် လှုံ့ဆော်ရေးသားဖော်ပြထားခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ မဟုတ်မမှန် လုပ်ကြံရေးသားဖော်ပြခြင်းများအား အမှန်အတိုင်း သိရှိနိုင်စေရန် အသိပေး ရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန