Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 23, Thursday - August 2018
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ရန်ကုန်မြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများသို့ သွားရောက်၍ ဆွမ်းပဒေသာပင်များ ဆက်ကပ်လှူဒါန်

               သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သူရဦးအောင်ကိုသည် သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၁-၈-၂၀၁၈ ရက်နေ့၊ ၀၈ ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဘဒ္ဒန္တဥဂ္ဂံသအမှူးပြုသော စာချ၊ စာသင်သံဃာတော် ၁၀၃ ပါး အတွက် ဆွမ်းပဒေသာပင် ငွေကျပ် ၃၀ သိန်းကိုလည်းကောင်း၊ ၁၀ ၃၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ ပဉ္စနိကာယ သာသနာ့ဗိမာန်ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တတေဇောဘာသ အမှူးပြုသော စာချ၊ စာသင်သံဃာတော် ၂၉၀ ပါးအတွက် ဆွမ်းပဒေသာပင် ငွေကျပ် ၃၀ သိန်းကိုလည်းကောင်း ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

               သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ယခင်နှစ်များတွင်လည်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီး ၁၁ တိုက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီး ၁၀ တိုက်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်တိုက်ကြီး ၂၄ တိုက်တို့အတွက် ဆွမ်းပဒေသာပင်များ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

သာသနာရေးဦးစီးဌာန