Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 13, Thursday - September 2018
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မည့်ကိစ္စနှင့်ပတ်သက်၍ အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြခြင်း

လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်မည့်ကိစ္စနှင့်ပတ်သက်၍ –စေတီတော်တစ်ဆူလုံး ရွှေခွာမည်၊ ရွှေတိဂုံ စေတီတော်ကြီးကို ရုတ်တရက်ပြင်ချင်တာက ရိုးမှရိုးသားရဲ့လား— စသည့်မဟုတ်မမှန် ကောလဟာလ သတင်းများ ပြန့်နှံ့ လျက်ရှိပါသည်။

         ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်းတော်ကပ်လှူမည့်ကိစ္စနှင့်ပတ်သက်၍ အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအား လိုက်နာဆောင်ရွက်သွားရန် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သို့ ညွှန်ကြားထားပြီး ဖြစ်ပါသည်-

(က)    ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြာမှောက်၊ ကြာလန် မဲနေသည့်ဧရိယာမှ ရွှေစင်ပြားသင်္ကန်း ၁၀ ချပ် ခွာ၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ  ရွှေပန်းတိမ် ပညာရှင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ပညာရှင်များဖြင့် စစ်ဆေးရန်၊

(ခ)   စေတီတော်ကြီးတစ်ဆူလုံးရှိ ရွှေပြားသင်္ကန်းတော်များအား မခွာရန်၊

(ဂ)   ပြည်သူများနှင့် အလှူရှင်များက ရွှေသင်္ကန်းကပ်လှူခြင်းကို ရွှေစင်ရွှေပြားအစစ်ဖြင့်သာ ကပ်လှူလိုသဖြင့် ရွှေစင်ပြား(Gold coating) များဆက်လက် ဆောင်ရွက်ခြင်း မပြုရန်၊

(ဃ)    ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ငှက်ပျောဖူးတော်အောက်ပိုင်း၊ ကြာရင့်၊ ကြာလန်၊ ရွဲ၊ ကြာနု၊ ကြာမှောက်၊ ဖောင်းရစ်(ဖောင်းလုံး)၊ ပန်းဆွဲ၊ သပိတ်မှောက်၊ ရင်စည်း(ခါးစည်း)၊ ခေါင်းလောင်း၊ ခေါင်းလောင်းနား၊ ကျည်းဝန်း(ကျည်းခွေ)၊ ရှစ်မြှောင့်အထိကို ရွှေပြားကြိတ်စက်ရုံမှ ထုတ်လုပ်သော ရွှေပြား(Gold Plate) များဖြင့် ရနိုင်သရွှေ့ ကပ်လှူပူဇော်ရန်၊

(င)   ရွှေပြား (Gold Plate) ရွှေသင်္ကန်းတော်မကပ်နိုင်သည့် ဧရိယာများအား ရွှေမျက်ပါး/ ရွှေဆိုင်း၊ ရွှေသင်္ကန်းတော်သာ ကပ်လှူပူဇော်ရန်။

            ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်မည့်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ်၌ အယူအဆမျိုးစုံဖြင့် မဟုတ်မမှန် လုပ်ကြံဖော်ပြရေးသားခြင်းသည် အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေပြီး ပြည်တွင်းရေး မငြိမ်မသက်ဖြစ်အောင် ရေးသားဖော်ပြခြင်းဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန