Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 14, Friday - September 2018
အများပြည်သူသိရှိစေရန် ရှင်းလင်းဖော်ပြခြင်း

          ၁၂-၉-၂၀၁၈ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ညွှန်ကြားချက်ဖြင့် ရွှေတိဂုံ စေတီတော်ကြီးတွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားများကို စတင်ခွာယူလျက်ရှိပြီး ခွာယူရရှိသော ရွှေစင်ပြားများကို ပြန်လည်သန့်စင်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တည်ထားကိုးကွယ်သော နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်ဟု Excellent News Agency လူမှုကွန်ယက်စာမျက်နှာ၌ တင်ထား သည်ကို တွေ့ရှိရပါသည်။

          ကင်္ခါအဋ္ဌကထာ၊ ပရိဏတသိက္ခာပုဒ်အဖွင့်တွင် “စေတိယဿ ပရိဏတံ အညစေတိယဿ ပုဂ္ဂလဿ ပရိဏာမေတိ အာပတ္တိ ဒုက္ကဋဿ၊ စေတီတော်အား လှူဒါန်းပြီးသော ဘဏ္ဍာကို အခြားသောစေတီတော်အား ဖြစ်စေ၊ သံဃာအား ဖြစ်စေ၊ ပုဂ္ဂိုလ်အား ဖြစ်စေ လှူဒါန်းလျှင် ဒုက္ကဋ်အာပတ်သင့်ကြောင်း” ဖွင့်ဆိုပြ ထားပါသည်။

          ၇-၇-၂၀၁၆ ရက်နေ့တွင် ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ဩဝါဒခံယူခဲ့ရာ၌ ရွှေတိဂုံစေတီတော်ဩဝါဒါစရိယ၊ ကလေးဝဆရာတော်ကြီး ဘဒ္ဒန္တ ဇာဂရာဘိဝံသက  “ပရိဏတသိက္ခာပုဒ်အရ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လှူဒါန်းပြီးသော ပစ္စည်း ဘဏ္ဍာကို အခြားစေတီတစ်ဆူကို လှူ၍ မရကြောင်း၊ ဘုရားပစ္စည်းကို အခြားဘုရားများတွင် သုံးစွဲ၍ မရကြောင်း၊ သံဃာများလည်း မသုံးစွဲအပ်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဆိုလျှင် ပို၍ မသုံးစွဲရကြောင်း၊ အခြားစေတီများအား ပြုပြင်ရန်၊ ဆေးရုံကြီးများ ဆောက်ရန် စသည်ဖြင့် သုံးစွဲရန် မသင့်တော်ကြောင်း” ဩဝါဒမြွက်ကြားခဲ့ပါသည်။

            မြတ်စွာဘုရားရှင် ပညတ်ထားသည့် ပရိဏတ သိက္ခာပုဒ်တော်နှင့် ဆရာတော်ကြီးများ၏ ဩဝါဒတော် နှင့်အညီ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် လိုက်နာကျင့်သုံးသွားမည်ဖြစ်ပြီး ရွှေတိဂုံ စေတီတော်ကြီးတွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားများကို ခွာယူ၍ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကပ်လှူပူဇော်သွားမည်ဆိုသော သတင်းမှာ မဟုတ်မမှန် သတင်းသာ ဖြစ်ကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန