Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 02, Tuesday - October 2018
အများပြည်သူသိရှိစေရန် အသိပေးဖော်ပြခြင်း

ပုပ်ရဟန်းမင်းကြီး His Holiness Pope Francis သည် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား သဟဇာတရှိရှိ ငြိမ်းချမ်းစွာနေထိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗုဒ္ဓဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်များနှင့် ရခိုင်၊ ကမန်၊ ခါမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် လူမျိုးစုတို့အား ထောက်ပံ့ ပေးနိုင်ရန် မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုလ်မှတစ်ဆင့် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၁ သိန်းနှင့်ညီမျှသည့် မြန်မာငွေကျပ်သိန်း ၁၃၃၀ (ကျပ်တစ်ထောင်သုံးရာသုံးဆယ်သိန်းတိတိ)ကို ၄-၆-၂၀၁၈ ရက်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယင်းလှူဒါန်းငွေများအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရခိုင်ပြည်နယ်ရှိ ဘာသာဝင်များအားလုံးနှင့် လူမျိုးစုအသီးသီးတို့အား ပေးအပ်လှူဒါန်း မည်ဖြစ်ရာ ခွဲဝေလှူဒါန်းသင့်သည့် ငွေပမာဏနှင့် နေရာဒေသများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘောထား ပြန်ကြားပေးနိုင်ပါရန် ၅-၆-၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ညှိနှိုင်းမေတ္တာရပ်ခံခဲ့ရာ မောင်တောမြို့နယ်ရှိ ကျေးရွာ ၅ ခုသို့ ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် အလှူငွေ လာရောက် ပေးအပ်မည့်နေ့ရက်အား သတ်မှတ်ပေးနိုင်ပါရန် ၂၁-၈-၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညှိနှိုင်းပြန်ကြားလာပါသည်။

အဆိုပါညှိနှိုင်းပြန်ကြားလာမှုနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ တာဝန်ရှိသူများက အလှူငွေများကို ၃၀-၉-၂၀၁၈ ရက်နေ့တွင် လာရောက်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ အကြောင်းကြားခဲ့ပါသည်။

သို့ဖြစ်ပါ၍ ပုပ်ရဟန်းမင်းကြီး His Holiness Pope Francis က မြန်မာနိုင်ငံ ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်ဘိုလ်ထံမှတစ်ဆင့် ပေးပို့လှူဒါန်းထားသော မြန်မာငွေကျပ်သိန်း ၁၃၃၀ (ကျပ်တစ်ထောင်သုံးရာသုံးဆယ်သိန်းတိတိ)အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ၃၀-၉-၂၀၁၈ ရက်နေ့တွင် လွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့ကြောင်း အများပြည်သူ သိရှိနိုင်စေရန် အသိပေးဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန