Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 24, Saturday - November 2018
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကပ်လှူပူဇော်ထားသော ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော်များနှင့်ပတ်သက်၍ ရှင်းလင်းဖော်ပြခြင်း

၁။        ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ကပ်လှူထားသော ရွှေစင်ပြား(Gold Coating)များ၏ အရည်အသွေး စစ်ဆေးခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင်ရွှေတိဂုံစေတီတော် ကြာမှောက်၊ ကြာလန်ဧရိယာရှိ နမူနာရွှေစင်ပြားကို ပြန်လည် သန့်စင်ရာတွင် ရွှေပါဝင်မှု ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း အထိရှိဟူသည့် ခေါင်းစဉ်ဖြင့်ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၂။       လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသော သတင်းသည် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အောက်ကြာနုဧရိယာတွင် ပူဇော်ထားသော ရွှေစင်ပြား ၃၉၂၁ ချပ်အနက်မှ မည်းနေသောရွှေစင်ပြား ၉ ချပ်၏ရလဒ်အဖြေသာဖြစ်ပြီး ကြာမှောက်ကြာလန်ဧရိယာတစ်ခုလုံးရှိရွှေစင်ပြားများ၏ ရလဒ်မဟုတ်သောကြောင့် ၎င်းရလဒ်အပေါ် သုံးသပ်အဖြေရှာပါက အဓိပ္ပါယ်သက်ရောက်မှု မှားယွင်းနိုင်မည် ဖြစ်ပါသည်။

၃။      ရွှေတိဂုံစေတီတော်မြတ်ကြီးရှိ ကြာမှောက်ကြာလန်တွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားများမှာ လက်ရှိပကတိမြင်ကွင်းအရ မည်းနေသောကြောင့် ၎င်းရွှေစင်ပြားများအား ဖြုတ်ချ၍ လုံခြုံစိတ်ချသော အခန်းတစ်ခုတွင် သိမ်းဆည်းပြီး ပညာရှင်အဖွဲ့မှ အဆင့်ဆင့်သော လုပ်ငန်းစဉ်များဖြင့် စနစ်တကျကြပ်မတ် စစ်ဆေးသန့်စင်ပြီး ရရှိလာသော ရွှေအလေးချိန်အား မှတ်တမ်းတင်မည်ဖြစ်ပါသည်။

၄။        ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ကြာမှောက်ကြာလန်ဧရိယာအတွင်းရှိ အချို့မည်းနေသော ရွှေစင်ပြား များသာ ကွက်၍ ဖြုတ်ချလဲလှယ်မည်ဆိုပါကအသစ်ကပ်လှူပူဇော်သော ရွှေစင်ပြားအရောင်နှင့် ယခင် ရှိပြီးသော ရွှေစင်ပြားအရောင်တို့မှာ ညီညာမှုရှိမည်မဟုတ်ဘဲ ကြည်ညိုသပ္ပါယ်မှု အားနည်းမည် ဖြစ်သောကြောင့် ညီညာမှုရှိစေရန် အရန်အသင့်ပြုလုပ်ထားသော ရွှေစင်ပြားများနှင့် အစားထိုး ကပ်လှူပူဇော်ရမည်ဖြစ်ပါသည်။

၅။      ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီး ရွှေသင်္ကန်းတော်ကပ်လှူချိန်ဖြစ်ပြီး ထိုသို့ကပ်လှူနိုင်ရန် ၄ လခန့် ဝါးငြမ်းဆင်ရပြီး ယခင်ကာလငွေကျပ် သိန်းရာကျော် ကုန်ကျခဲ့သည်။ ယခုအချိန်တွင် ငြမ်းဆင်နေသော ကာလဖြစ်သောကြောင့် ကြာမှောက်ကြာလန်ဧရိယာတစ်ခုလုံး၏ ရွှေစင်ပြားများ အစားထိုးရန် အသင့်လျော်ဆုံးအချိန်ဖြစ်ပါသည်။

၆။      သို့ဖြစ်ပါ၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ပြည်တွင်း/ ပြည်ပ ဘုရားဖူးများနှင့် အများပြည်သူ ကြည်ညိုသပ္ပါယ်စွာ မြင်ကွင်းပသာဒဖြစ်စေရေးအတွက် ရွှေစင်ရွှေပြားရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထင်ယောင်ထင်မှားဖြစ်စေသည့် သတင်းများအပေါ် သက်ဝင်ယုံကြည်မှုမရှိစေရန် အသိပေးရှင်းလင်းဖော်ပြအပ်ပါသည်။

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန