Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 30, Friday - November 2018
အများပြည်သူသိရှိနိုင်စေရန် အသိပေးရှင်းလင်းဖော်ပြခြင်း

၁။        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ရှေးယခင်ကတည်းကပင် မတူကွဲပြားသောလူမျိုးများ၊ ဘာသာ အသီးသီးမှ ဘာသာဝင်များ ချစ်ကြည်ရင်းနှီးစွာ အတူတကွလက်တွဲ၍ ငြိမ်းချမ်းစွာ ရပ်တည်နေထိုင်ခဲ့ ကြပါသည်။

၂။        ယခုအခါ  ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နေချိန်၌ ခေတ်အဆက်ဆက် ငြိမ်းချမ်းစွာလက်တွဲ လာခဲ့ကြသည့် လူမျိုးများအကြား၊ ဘာသာဝင်များအကြား နားလည်မှုလွဲမှားစေပြီး ပဋိပက္ခ အသွင်ဆောင်သော အမုန်းစကားများကို လူမှုကွန်ယက်အင်တာနက်စာမျက်နှာ၊ ဆိုရှယ်မီဒီယာများကတစ်ဆင့် သွေးထိုး လှုံ့ဆော်၍ အကြမ်းဖက်အသွင်သို့ ကူးပြောင်းရောက်ရှိအောင် ဖန်တီးလျက်ရှိပါသည်။

၃။        သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် နိုင်ငံတော်အတွင်း မတူကွဲပြားသော လူမျိုးအချင်းချင်း၊ ဘာသာဝင်အချင်းချင်း အမုန်းတရားလက်ကိုင်မထားရေး၊ ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ)အား ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် စုစုပေါင်း ၁၂၈ ဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၄။      သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ငြိမ်းချမ်းမေတ္တာအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ပုပ်ရဟန်းမင်းကြီးလှူဒါန်းသော အလှူငွေများကို ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအကြား ငြိမ်းချမ်းစွာ သဟဇာတရှိရှိနေထိုင်ရေး၊ လူမျိုးအသီးသီး၊ ဘာသာဝင်အသီးသီးတို့၏ လူမှုဒုက္ခများ လျော့ကျ စေရေးအတွက် ၃၀.၉.၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ သွားရောက် ပေးအပ်လှူဒါန်းခဲ့ ပါသည်။

၅။      ၎င်းအပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ငြိမ်းချမ်းမေတ္တာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေးထွန်းကားရန်နှင့် ပြန်လည်သင့်မြတ်ရေးအတွက် ဘာသာပေါင်းစုံငြိမ်းချမ်းရေး အကြံပြုဆွေးနွေးဝိုင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့တွင် နေပြည်တော်၌ အောင်မြင်စွာကျင်းပခဲ့ပြီး ထိုမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ပဋိပက္ခများမဖြစ်ပေါ်စေရေးအတွက် စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၆။      ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၌ ၂၇.၁၁.၂၀၁၈ ရက်နေ့တွင် ကျင်းပခဲ့သော မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တသုဇန၏ အန္တိမအဂ္ဂိစျာပန သာဓုကိဠနပူဇာသဘင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော်ကြီးများထံ လျှောက်ထားရာတွင် မြိုင်ကြီးငူဆရာတော်ကြီးသည် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့သော ငြိမ်းချမ်းရေးဗိသုကာဖြစ်သည့်အပြင် သာသနာပြု လုပ်ငန်းများကို မနားမနေလုပ်ဆောင်ခဲ့၍ ကြီးမားသောဆုံးရှုံးမှုတစ်ရပ်ဖြစ်သဖြင့် လွန်စွာဝမ်းနည်းကြောင်း လျှောက်ထားခဲ့ပါသည်။   

၇။        တစ်ဆက်တည်းမှာပင် ဘာသာရေးကို အခြေခံသည့် လူမှုရေးပဋိပက္ခမဖြစ်အောင်၊ အခြားဘာသာများ ကိုလည်း ပစ်ပယ်ရန်မဟုတ်ကြောင်းပြောကြားသည့်အပြင် အစွန်းရောက်ဘာသာတရားတစ်ခုဟု သုံးနှုန်းခြင်းမှာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခြင်းမဟုတ်ဘဲ ဘာသာအသီးသီး၏ ဘာသာရေးအယူအဆ ပြင်းထန်သူများ ကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့ခြင်း ဖြစ်ပါသည်။

၈။        သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် မည်သည့်လူမျိုး၊ မည်သည့် ဘာသာအပေါ်ကိုမျှ ခွဲခြားဆက်ဆံမှု အလျဉ်းမရှိဘဲ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးရေးကို အစဉ်အမြဲ လက်ကိုင်ထားလျက် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဦးလည်မသုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

၉။      သို့ဖြစ်ပါ၍ ပြည်ထောင်စုဝန်ကြီး၏ ပြောကြားခဲ့သည့် စကားလုံးအသုံးအနှုန်းအပေါ် သည်းခံ နားလည်စွာဖြင့် အဓိပ္ပါယ်ကောက်ယူကြပါရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးအတွက် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေးအတွက် အတူတစ်ကွ ဆက်လက်ရပ်တည်၍ ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအသိပေး ရှင်းလင်းဖော်ပြအပ်ပါသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန