Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 28, Thursday - February 2019
ကျောင်းဒါယကာ၊ ဒါယိကာမများအဖြစ် ခံယူနိုင်ရေး ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန် နှိုးဆော်တိုက်တွန်းခြင်း

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါ့တမကြီးကျေးရွာအုပ်စု၊ ဒေါညေးခူရွာရှိတောင်တန်းသာသနာပြု စိန်တောင်ကျောင်းတိုက်”တွင် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည့် ကယားတိုင်းရင်းသား/ တိုင်းရင်းသူ လူငယ်များအား ဗုဒ္ဓဘာသာယဉ်ကျေးမှု အဆုံးအမများ သင်ကြားခြင်းနှင့် အဖိုးအဖွားတို့အား ဝိပဿနာကမ္မဋ္ဌာန်းတရားများ သင်ကြားပြသလျက်ရှိရာတွင် ကျောင်းဆောင်အခက်အခဲ ကြုံတွေ့နေရပါသည်။

“သံဃာတော်များ သီတင်းသုံးရန်၊ တရားဓမ္မသင်ကြားပြသရန် ကျောင်းဆောက်လုပ် လှူဒါန်းခြင်းသည် အလှူအားလုံးတို့ကို လှူသည်မည်၏၊ အလှူအားလုံးတို့ကို လှူသည် မည်သောကြောင့် အလှူအားလုံးနှင့်ထပ်တူညီမျှသော အကျိုးတရားများကိုလည်း တောင်းဆုပြုစရာ မလိုအောင် ပြည့်ဝကြောင်း”မြတ်စွာဘုရားရှင် က သံယုတ်ပါဠိတော်တွင် ဟောကြားထားပါသည်။

သို့ဖြစ်ပါ၍ ဒေသခံဗုဒ္ဓဘာသာဝင်တိုင်းရင်းသား/တိုင်းရင်းသူများ စိတ်ချမ်းမြေ့စွာဖြင့် တရားဓမ္မများ သင်ယူအားထုတ်နိုင်ရေး တစ်ထပ်ဓမ္မာရုံကျောင်းဆောင်(၉၀×၄၅)တစ်ဆောင် ဆောက်လုပ်နိုင်ရေးအတွက် ကုသိုလ်ယူ ပါဝင်လှူဒါန်းနိုင်ပါရန် နိဗ္ဗာန်အကျိုးမြော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။

 

ဆက်သွယ်လှူဒါန်းနိုင်သော ဖုန်းနံပါတ်များ-

-      ဦးဘော်ရယ်စိုးဝေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၃)မဲဆန္ဒနယ်၊ ကယား ပြည်နယ်၊ ဖုန်း-၀၉-၄၅၄၇၀၅၅၅၉

-          ဦးသောင်းဝင်း၊ ညွှန်ကြားရေးမှူး၊ ဝန်ကြီးရုံး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

ဖုန်း၊ ၀၆၇-၃၄၀၆၂၇၆၊ ၀၉-၄၂၀၇၀၁၄၆၃

-       ဦးမင်းရွှေလွင်၊ ညွှန်ကြားရေးမှူး၊ ကယားပြည်နယ်သာသနာရေးမှူးရုံး

၀၈၃-၂၂၂၁၁၀၃၊ ၀၉-၅၁၅၉၄၂၂