Font Download
Main Menu
Home
Ministry of Religious Affairs
Department of Religious Affairs
Department for the Promotion And Propagation of Sasana
International Theravada Buddhist Missionary University
The World Buddhist Summit
Research Library
News
Articles
စာမေးပွဲအောင်စာရင်းများ
တရားတော်များ
ဓမ္မစာစုများ (Quotes)
စာပုံနှိပ်တိုက်


ဘုရားရှင်၏သြဝါဒ

မကောင်းမှုမှန်သမျှ မပြုလုပ်ခြင်း
ကောင်းမှုမှန်သမျှ ပြည့်စုံစေခြင်း
မိမိစိတ်ကို ဖြူစင်စေခြင်း

ဤတရားသုံးပါးသည် ခပ်သိမ်းသော ဘုရားရှင်တို့၏ အဆုံးအမ သြဝါဒပေတည်း။

 
Back 08, Monday - April 2019
အများပြည်သူသိရှိနိုင်ရန် ရှင်းလင်းဖော်ပြခြင်း

လူမှုကွန်ရက်ပေါ်တွင် ဗုဒ္ဓမြတ်စွာဘုရားနှင့် တုပဝတ်ဆင်ကာ သာသနာညှိုးနွမ်းအောင် ဆောင်ရွက်သူအား ထိန်းသိမ်းအရေးယူပေးရန်ကိစ္စ” ဟူသော အကြောင်းအရာခေါင်းစဉ်ဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စက်မှုကွက်သစ်၊ သီတာရေစင်(၁)လမ်းတွင် နေထိုင်လျက်ရှိသော ဦးကျော်စွာအောင် (လူမှုကွန်ရက်အမည်-Saw Seven) (အဘအမည်-ဦးမြင့်သိန်း) (အသက်-၃၅ ) နှစ်အား သာသနာညှိုးနွမ်းအောင် ဆောင်ရွက်မှုပုဒ်မ (၁၇၇-သာ/ညှိုး)အရ အမှုတင်ပို့ စွဲဆိုနိုင်ရေးအတွက် ဖမ်းဝရမ်း ထုတ်ဆင့်ကာ ဆောလျင်စွာ ထိန်းသိမ်းပေးပါရန် ၆-၄-၂၀၁၉ ရက်စွဲပါစာအမှတ်၊ ၂၂ ၀၁(သာ/ညှိုး)၀၁(၅၅၈) ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ထံသို့ လိပ်မူလျက် ရေးသားဖော်ပြထားသော စာနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြဝေဖန်မှုများ ပျံ့နှံ့လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသည့် စာ၏ ခေါင်းစဉ်စာသား၊ စာအမှတ်နှင့် လက်မှတ်ရေးထိုးထားသည့်ပုဂ္ဂိုလ်အမည်များသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် သက်ဆိုင်မှုမရှိပါကြောင်းနှင့် ဤဝန်ကြီးဌာန၏အမည်အား အလွဲသုံးစား ပြုလုပ်ကာ စာအမှတ်အတု၊ နာမည်အတုဖြင့် ရေးသားဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ လူမှုကွန်ရက်ဖေ့ဘွတ်ခ် အကောင့် Saw Seven တွင်လည်း ဖော်ပြထားမှု ရှိ/မရှိ ရှာဖွေအတည်ပြုနိုင်မှု မရှိပါကြောင်း၊ ထို့ကြောင့် အထက်ပါဖော်ပြမှုသည် တွေ့မြင်ရသူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ရေးသားဖော်ပြခြင်းသာ ဖြစ်ပါကြောင်း အများပြည်သူသိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်။