ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံခြင်း၊ ၂၀၂၂ ခုနှစ်၊ တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ရေးကော်မရှင်အဖွဲ့နှင့်တွေ့ဆ

ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံခြင်း၊ ၂၀၂၂ ခုနှစ်၊ တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ရေးကော်မရှင်အဖွဲ့နှင့်တွေ့ဆ

ဝန်ကြီးဌာနသတင်းများ Sep 27, 2022 8 views

ဗိုလ်တထောင်စေတီတော် ဆံတော်တိုက်ပတ်လည် Polycarbonate တပ်ဆင်လှူဒါန်းမှု လွှဲပြောင်းအပ်နှံခြင်း၊ ၂၀၂၂ ခုနှစ်၊ တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ရေးကော်မရှင်အဖွဲ့နှင့်

ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည် ရွှေချ ထားသည့်နံရံများ၌ Polycarbonate  တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ၂၆-၉-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr.Chen Hai က လှူဒါန်းမှုနှင့် ပတ်သက်၍   တရုတ်-မြန်မာနှစ်နိုင်ငံ ကြာရှည်လှသည့် ဗုဒ္ဓဘာသာ ကူးလူးဖလှယ်မှုသည် နှစ်နိုင်ငံ ပထဝီတည်နေရာနီးစပ်ပြီး ပြည်သူများရင်းနှီးချစ်ကြည်၍  ယဉ်ကျေးမှုတူညီသော အစိတ်အပိုင်း တစ်ခုဖြစ်လာကာ တရုတ်-မြန်မာ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့်အနှစ်သာရ ဂုဏ်ရောင်ကို တိုးပွားစေကြောင်း၊ ဆံတော်တိုက်တွင် လုံခြုံရေးမှန်များတပ်ဆင်ခြင်းဖြင့် နှစ်နိုင်ငံ ဗုဒ္ဓရေစက် ဓမ္မ သံယောဇဉ်ကို အမွေဆက်ခံ ပြန့်ပွားအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ကြီးမားသောအကျိုးထမ်းဆောင်မှုအသစ်များ ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တရုတ်သံရုံး၏ပါဝင်လှူဒါန်းမှုများနှင့်အတူ ရွှေသံလွင်ကုမ္ပဏီလီမိတက်က စေတီတော်ဂေါပကအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်းကူသိုလ်ယူ ဆောင်ရွက် ပေးခဲ့ကြသဖြင့် လုပ်ငန်းများ သတ်မှတ်ချိန်အတွင်းပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘာသာ၊ သာသနာနှင့်ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေး ဆောင်ရွက်ကြရင်း ရှေးယခင် ကတည်းကရှိခဲ့သည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်တည်တံ့ခိုင်ခံ့အောင် ကြိုးစား သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပေကျင်းမြို့၊ Ling Guang Si ဘုရားကျောင်းဆရာတော် Chi Chang Cang က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ရေး ဆုတောင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ Ling Guang Si ကျောင်းတိုက် ဆရာတော်ကြီး၏ကိုယ်စား Mr. LIU YUANLIANG ၊ ရွှေသံလွင် ဆောက်လုပ်ရေးကုမ္ပဏီ Managing Director ဒေါ်စန္ဒာဝင်းနှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော် တို့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Chen Hai တို့၏ရှေ့မှောက်၌ လက်မှတ်ရေးထိုးလွှဲပြောင်းကြသည်။

ယင်းနောက် ပြည်ထောာင်စုဝန်ကြီးနှင့်အဖွဲ့သည် လုံခြုံရေးမှန်တံခါးကို အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပြီး ဆံတော်တိုက်ကို ဖူးမြော်ကြည်ညိုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူးကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့်ဆရာဆရာမများ၊ ပညာရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများတွင် ပညာဆည်းပူးနေကြသော ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၅၅ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်သည့်အခမ်းအနား ဖြစ်ကြောင်း၊ ယနေ့ ပညာရည်ချွန်ဆုချီးမြှင့်မှုသည် မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့်အနုပညာလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များမွေးထုတ်ပေးမှုကို ထောက်ပံ့အားပေးမှု ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံကြား ရှိရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး က ယခုပညာသင်ဆု ပေးပွဲအခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့်အနုပညာ ဘာသာရပ် အထူးပြုကျောင်းသား/သူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေးပညာသင်ဆု” အထူးပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေးနှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အမွေဆက်ခံရေးအတွက် အရေးပါသည့်ခွန်အားများ ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ အတူတကွကြိုးပမ်းဆောင်ရွက်မှုဖြင့် အေးအတူပူအမျှ အသိုက်အဝန်း အတူတည်ဆောက်ရေးလမ်းကြောင်းသည် ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယင်းနောက် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ယဉ်ကျေးမှုသံမှူးကြီးတို့က ဆုများချီးမြှင့် ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး ဧည့်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီရွေးချယ်ရေးကော်မရှင်အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သူများက မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဗဟိုကောင်စီရွေးချယ်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း ဖော်ပြအပ်သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန


Gallery