ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့် ပလိပ်မြို့ရှိ ဘုရားများ ပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေး

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့နှင့် ပလိပ်မြို့ရှိ ဘုရားများ ပြန်လည်ပြုပြင်နေမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကြည့်ရှုစစ်ဆေး

ဝန်ကြီးဌာနသတင်းများ သတင်း May 17, 2026 263 views

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မက္ခရာမြို့ဟောင်းရှိ ငလျင်ဒဏ်သင့် ဆေးဘုရားနှင့် ရွှေရောင်တော်ဘုရား ငါးဆူသို့ ရောက်ရှိပြီး ကျောက်ဆည်မြို့ မဟာဂန္ဓာရုံကျောင်းဆရာတော် ဘဒ္ဒန္တကုသလာဘိဝံသ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်း၍ မက္ခရာဆေးဘုရား၊ အမရပူရခေတ်လက်ရာ နံရံဆေးရေးပန်းချီများရှိသော ရွှေရောင်တော် ဘုရား လိုဏ်အတွင်းရှိ နံရံဆေးရေး ပန်းချီများကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပုလိပ်မြို့ ငလျင်ဒဏ်သင့် ရှင်ပင်ဂူလှဘုရားသို့ သွားရောက်ဖူးမြော်ပြီး ရတနာမြိုင်ကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒိမာ အမှူးပြုသော ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော် များကို လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရှင်ပင်ဂူလှဘုရား ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်


Gallery

သက်ဆိုင်ရာ သတင်းများ